ခ်စ္သူမ်ားေန႔မေရာက္ခင္မွာေတာင္ ခ်စ္ဇနီးနႏၵာလႈိင္ႀကိဳက္တတ္တဲ့လက္ေဆာင္ေလးကို ႏိုင္ငံျခားကေန တကူးတကမွာၿပီး Surprise လုပ္ခဲ့တဲ့ ကိုေဇသီဟ

Posted on

ဗီဒီယိုေခတ္ကတည္းက ျမန္မာ့အႏုပညာေလာကမွာ လွ်မ္းလွ်မ္းေတာက္ နာမည္ႀကီးခဲ့တဲ့ မင္းသမီးေခ်ာ နႏၵာလႈိင္ကို လူႀကီး၊ လူငယ္ ပရိသတ္တိုင္းလိုလို ခ်စ္ၾကမယ္ ထင္ပါတယ္။ စြဲေဆာင္မႈရွိၿပီး ေျပျပစ္လွပလြန္းတဲ့ နႏၵာလႈိင္က အိမ္ေထာင္က်ၿပီး ကေလးသုံးေယာက္ရသြားသည့္တိုင္ အခုခ်ိန္ထိ လွေသြးႂကြယ္ေနဆဲ အမ်ိဳးသမီးတစ္ဦး ျဖစ္ပါတယ္။

နႏၵာလႈိင္က လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြကို လုံးဝရပ္နားလိုက္ၿပီး မိသားစုအတြက္ အိမ္ေထာင္ရွင္မတစ္ေယာက္အျဖစ္နဲ႔သာမက စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္အျဖစ္ ဘဝကို ေအးေအးခ်မ္းခ်မ္းျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

နႏၵာလႈိင္ကေတာ့ အိမ္ေထာင္သက္တမ္း (၁၂) ႏွစ္ေက်ာ္တိုင္ရွိေနၿပီျဖစ္တဲ့ နႏၵာလႈိင္က သူမရဲ႕ ခင္ပြန္းသည္ ကိုေဇသီဟဆီမွာလည္း ၾကင္စဦးအတိုင္း အခ်စ္ခံေနရဆဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ကိုေဇသီဟက ဇနီးသည္ နႏၵာလႈိင္ဆီကို ခ်စ္သူမ်ားေန႔အမွတ္တရ လက္ေဆာင္ေလးေပးခဲ့ေၾကာင္း “နႏၵာက ပန္းပင္ေတြ စိုက္ေနတာျမင္ေတာ့ Valentine’s Day ေန႔မွာ ေပးဖို႔ ထိုင္းကို အပင္ေတြ လွမ္းမွာလိုက္တယ္။ နိဗၺာန္ၾကာ ၁၀ ပင္ေပါ့။ ဟိုကပို႔တဲ့လူက စိတ္ေစာၿပီး ဒီေန႔အေရာက္ပို႔လိုက္တာ စပ႐ိုက္ တိုက္မဲ့ အစီအစဥ္ ပ်က္သြားပါေလေရာ.. မတတ္ႏိုင္ဘူးေလ.. ေစာေရာက္ေတာ့လဲ ေစာ သိသြားတာေပါ့.” ဆိုၿပီး ေျပာလာပါတယ္။

နႏၵာလႈိင္ရဲ႕ ခင္ပြန္းကေတာ့ နႏၵာလႈိင္ႀကိဳက္တတ္တဲ့အပင္ေလးေတြကို ႏိုင္ငံျခားကေန တကူးတက မွာေပးၿပီး လက္ေဆာင္ေပးတာ အရမ္းအလိုက္သိတတ္တာပဲေနာ္။ ပရိသတ္ႀကီးလည္း အိမ္ေထာင္ေရးမွာ ကံေကာင္းလြန္းတဲ့ နႏၵာလႈိင္ကို အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Zay Thiha’s fb

Unicode

ဗီဒီယိုခေတ်ကတည်းက မြန်မာ့အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ကို လူကြီး၊ လူငယ် ပရိသတ်တိုင်းလိုလို ချစ်ကြမယ် ထင်ပါတယ်။ စွဲဆောင်မှုရှိပြီး ပြေပြစ်လှပလွန်းတဲ့ နန္ဒာလှိုင်က အိမ်ထောင်ကျပြီး ကလေးသုံးယောက်ရသွားသည့်တိုင် အခုချိန်ထိ လှသွေးကြွယ်နေဆဲ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ နန္ဒာလှိုင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး မိသားစုအတွက် အိမ်ထောင်ရှင်မတစ်ယောက်အဖြစ်နဲ့သာမက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ အိမ်ထောင်သက်တမ်း (၁၂) နှစ်ကျော်တိုင်ရှိနေပြီဖြစ်တဲ့ နန္ဒာလှိုင်က သူမရဲ့ ခင်ပွန်းသည် ကိုဇေသီဟဆီမှာလည်း ကြင်စဦးအတိုင်း အချစ်ခံနေရဆဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ကိုဇေသီဟက ဇနီးသည် နန္ဒာလှိုင်ဆီကို ချစ်သူများနေ့အမှတ်တရ လက်ဆောင်လေးပေးခဲ့ကြောင်း “နန္ဒာက ပန်းပင်တွေ စိုက်နေတာမြင်တော့ Valentine’s Day နေ့မှာ ပေးဖို့ ထိုင်းကို အပင်တွေ လှမ်းမှာလိုက်တယ်။ နိဗ္ဗာန်ကြာ ၁၀ ပင်ပေါ့။ ဟိုကပို့တဲ့လူက စိတ်စောပြီး ဒီနေ့အရောက်ပို့လိုက်တာ စပရိုက် တိုက်မဲ့ အစီအစဉ် ပျက်သွားပါလေရော.. မတတ်နိုင်ဘူးလေ.. စောရောက်တော့လဲ စော သိသွားတာပေါ့.” ဆိုပြီး ပြောလာပါတယ်။

နန္ဒာလှိုင်ရဲ့ ခင်ပွန်းကတော့ နန္ဒာလှိုင်ကြိုက်တတ်တဲ့အပင်လေးတွေကို နိုင်ငံခြားကနေ တကူးတက မှာပေးပြီး လက်ဆောင်ပေးတာ အရမ်းအလိုက်သိတတ်တာပဲနော်။ ပရိသတ်ကြီးလည်း အိမ်ထောင်ရေးမှာ ကံကောင်းလွန်းတဲ့ နန္ဒာလှိုင်ကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zay Thiha’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.