အချစ်ရေးမှာ အမျိုးသမီးတွေရင်ထဲကနေ တိတ်တခိုး မျှော်လင့်တတ်တဲ့အချက်လေးတွေကို တင်ဆက်ပေးချင်လို့ပါ။ တစ်ယောက်ကိုတစ်ယောက် ဘာလိုလဲသိရင်၊ ဘာလုပ်ရပေးမယ်မှန်းသိရင် အချစ်ရေးဟာပိုအဆင်ပြေလေပါပဲ။ ဖတ်ရှူကြည့်ကြပါဦး။
နူးညံ့တဲ့ ထိတွေ့ပွတ်သပ်ပေးမှု
အချစ်ကိုဖော်ပြပေးနိုင်မယ့် ရိုးရိုးရှင်းရှင်း လေး ပွတ်သပ်ပေးမှုလေးကို ယုယုယယ၊ နူးနူးညံညံ့နဲ့ ခံယူလိုကြတာကိုက အမျိုးသမီးတွေရဲ့ သဘာဝပါပဲ။ မမျှော်လင့်ထားတဲ့ အချိန်၊ သူထင်မထားတဲ့ အခြေအနေမျိုးမှာဆို ပိုပြီးရင်ခုန်တတ်ကြပါသေးတယ်။ နှစ်ယောက်ရုပ်ရှင်အတူတူကြည့်နေရင်း ဆံပင်လေးကို ဆော့ကစားပွတ်သပ်ပေးတာ၊ လက်ကလေးကိုင်ထားပေးတာ၊ မျက်နှာလေးနဲ့နှုတ်ခမ်းလေးကို အသာအယာပွတ်သပ်ပေးတာမျိုး၊ ပွေ့ဖက်ပေးထားတာမျိုးဆို သူတို့အရမ်းသဘောကြသလို တကယ်လဲမျှော်လင့်တောင့်တကြပါတယ်။
အသေးစိတ်ကအစ ဂရုတစိုက်မှတ်မိတတ်တာမျိုး
အမျိုးသမီးတွေမှာ ထူးခြားတာတစ်ခုက မှတ်ဥာဏ်ပါ။ သူတို့မှတ်ဥာဏ်မှာ အရေးကြီးတဲ့အရာ၊ အရေးပါတဲ့အသေးစိတ်တွေကို သေးသေးမွှားမွှားလေးကအစ စွဲမြဲနေတတ်တယ်။ ဆိုတော့ သူတို့ထက်ဦးပြီး ကိုယ့်ချစ်သူက အရင်ဦးဆုံး မှတ်မိသတိရကြောင်းပြနိုင်တယ်ဆိုရင် သူတို့်က အသေအလဲ ဖြစ်လောက်အောင်ကို ပျော်ရွှင်နေကြလိမ့်မယ်။ သူတို့ထက် ပိုမှတ်မိလေ ကျေနပ်လေပါပဲ။ နောက်ဆုံး သူ ဘာလေးပြောခဲ့ဖူးလဲဆိုတဲ့ သေးသေးမွှားမွှားက အစပါပဲ။ ကိုယ်ထုတ်ပြောဖူးတဲ့အရာတွေကို ကိုယ့်ချစ်သူရဲ့ မှတ်ဥာဏ်ထဲရှိနေတာကို ပြန်သိရတာကိုက ဘာနဲ့မှမတူတဲ့ ဂရုစိုက်မှုပါပဲ။
ချစ်တယ် ဆိုတဲ့ စကား
တကယ်တော့ လုပ်ရပ်တွေက နှုတ်ဖျားကထွက်ကျလာတဲ့စကားတွေထက် ပိုအဓိပ္ပါယ်ရှိတာအမှန်ပါပဲ။ အချစ်ရေးမှာတော့ လုပ်ရပ်တွေ၊ အပြုအမူ၊ အမူအကျင့်ကောင်းတွေနည်းတူ နူးညံ့တဲ့ နှုတ်ထွက်စကားလေးတွေကလည်း မျှခြေလိုအပ်ပါတယ်။ ဘာလေးပဲဖြစ်ဖြစ် မင်းကို ကိုယ်ချစ်တယ်နော် ဆိုတဲ့ နှုတ်ထွက်စကားလေးကို သူတို့အမြဲတောင့်တလေ့ရှိပါတယ်။ အခွင့်ရှိတိုင်း ပြောပေးဖို့လိုပါတယ်။
ဂုဏ်ယူမော်ကြွားခံရမှု
သူငယ်ချင်း တွေ ၊ အပေါင်းအသင်း တွေ ရှေ့ရောက်ရင်လည်း ဂုဏ်ယူမော်ကြွားခံလိုတာ မိန်းကလေးတွေရဲ့ပင်ကိုယ်သဘာဝပါပဲ။ အပေါင်းအသင်း တွေရှေ့ရောက်မှ အချိုးပြောင်းသွားပြီး သိပ်အရေးမပါသလိုဆက်ဆံပြီးမှ နှစ်ယောက်တည်းအတူရှိချိန်မှာ ပြန်ချစ်ပြ၊ ကြင်နာပြတာကို သူတို့မလိုလားပါဘူး။ အမြဲအရေးပေးပြီး အမြဲရပ်တည်မှုပြည့်ဝတဲ့ ချစ်ခင်ကြင်နာမှုကိုသာ စစ်စစ်မှန်မှန် လိုချင်မျှော်လင့်ကြတာဖြစ်ပါတယ်။
နားလည်သည်းခံနိုင်မှု
မိန်းကလေး တွေ ကြုံရတဲ့တချို့အချိန်တွေက ဓမ္မတာ သဘောအရ စိတ်အတက်အကျသိပ်များရတဲ့အခါ ချစ်သူဘက်က ဖေးဖေးမမနဲ့ အနားမှာအတူရှိပေးရင်း နားလည်သည်းခံနိုင်မှုထားပေးနိုင်မျိုး သူတို့ရင်ထဲကကိုလိုချင်ကြပါတယ်။ ဒီလို အချိန်မျိုးတွေက သူတို့အတွက်ခက်ခဲရတာကိုး။ လက်တစ်စုံကသူတို့်အတွက် အတော်အရေးကြီးပါတယ်။
Can’t wait to say