ချစ်သူက ဘယ်လောက်ဆိုးဆိုး ကလေးလိုပဲ မြင်ပေးတတ်တဲ့ ကိုကိုတွေဆိုတာ ဒီလိုမျိုးပါ

Posted on

ကိုယ့်ထက်အသက်ကြီးတဲ့ ကိုကိုတွေဟာ ကိုယ့်ကိုတကယ်ပဲ ခွင့်လွှတ်ပြီး အကောင်းမြင်စိတ်အပြည့်ရှိကြပါတယ်။

ဒီလို ကိုကိုတွေနဲ့ ချစ်မိတဲ့ ကောင်မလေးတွေကတော့ ဆိုးချင်သလိုဆိုး၊ ချွဲချင်သလိုချွဲ ကိုကိုတွေက အချစ်မလျော့တဲ့အပြင် ပိုလို့တောင် တိုးလာပါသေးတယ်။ တကယ်လို့သင်ဟာ ဒီလိုကိုကို ကို ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဟာ အရမ်းကို ကံကောင်းတဲ့သူပါ။

(၁) ချွဲတဲ့အခါ

 

 

ချစ်သူကို ကလေးလေးလိုပဲမြင်နေတဲ့ ကိုကိုတွေဆိုတာ ချစ်သူက ချွဲတဲ့အခါကျရင် အလိုက်အထိုက်လေး ကြည်နူးစရာကောင်းလောက်အောင် ဂရုစိုက်တတ်ကြပါတယ်။

ချစ်သူက ချွဲတဲ့အခါကျရင် ချစ်သူကို အသည်းတွေယားပြီး ပါးကို လိမ်ဆွဲလိုက်၊ အားကြီးနဲ့ ဖက်လိုက်လုပ်တတ်ကြသူတွေပါ။ ပြီးတော့မှ ကိုယ်ကနာသွားလို့ မဲ့သွားရင်လည်း အသည်းအသန် ပြန်ပြီး ချော့တတ်ကြသူတွေပါ။

(၂) ရစ်တဲ့အခါ

ကမ္ဘာပေါ်မှာ ရစ်လို့အကောင်းဆုံးက ကိုကိုတွေပါ။ ကိုကိုတွေဟာ ဘဝအတွေ့အကြုံအရရော၊ အသက်အရွယ်အရရော အရမ်းကို ရင့်ကျက်တဲ့သူတွေ ဖြစ်တာကြောင့် သင် ဘယ်လောက်ရစ်ရစ် သူတို့ကတော့ အေးဆေးပါပဲ။ သင် စရစ်လိုက်ပြီဆိုကတည်းက သင်ရစ်သမျှကို နားထောင်ပေးပြီး စိတ်ရှည်ရှည်နဲ့ ချော့မော့ဖို့ သူကပြင်ဆင်ထားပြီးသားပါ။ အကြောင်းကတော့ သင့်ကို ကလေးလေးတစ်ယောက်လို မြင်နေတာကြောင့် သင်ရစ်တာလေးကအစ သူ့အတွက် ချစ်စရာကောင်းပါတယ်။

 

 

(၃) သင်နေမကောင်းဖြစ်တဲ့အခါ

သင်နေမကောင်းဖြစ်တဲ့အခါ သင့်ကိုကိုက အရမ်းတွေ ပျာယာခတ်နေပါလိမ့်မယ်။ ဆေးသောက်ဖို့၊ အချိန်မှန်မှန်ထမင်းစားဖို့၊ နွေးနွေးထွေးထွေးနေဖို့ တဖွဖွပြောနေမှာပါ။ တစ်ခါတလေ ကိုယ့်ဘာသာကိုယ် လုပ်နိုင်တဲ့ ကိစ္စတွေကိုတောင် သူကအရမ်းတွေ စိုးရိမ်နေတတ်ပါတယ်။ အကြောင်းကတော့ သင့်ကို ကလေးလေးလို့ပဲမြင်နေပြီး သူကိုယ်တိုင်မလုပ်ပေးရရင်၊ မမြင်ရရင် လုံးဝစိတ်မချတာကြောင့်ပါ။

(၄) ဝိတ်မလျှော့ခိုင်းဘူး

သင့်ကိုကိုဟာ သင်ပျော်ရွှင်နေတာကိုပဲ မြင်ချင်နေတဲ့သူဖြစ်ပါတယ်။ သင့်ကို ဘယ်တော့မှ ချုပ်ချယ်တာတွေ၊ ပိတ်ပင်တာတွေ၊ ဖိအားပေးတာတွေ လုပ်မှာ မဟုတ်ပါဘူး။ သင့်ကိုကိုဟာ သင့်ကို ဘယ်တော့မှဝိတ်လျှော့ခိုင်းမယ့် သူလည်း မဟုတ်ပါဘူး။ သင်ကောင်းကောင်းစားနေတာ၊ ပလုတ်ပလောင်းစားနေတာကြည့်ပြီး ပီတိတွေဖြာပြီး အရမ်းချစ်စရာကောင်းတယ်လို့ မြင်နေသူပါ။ သင်က ဝလားလို့မေးလည်း ဝတယ်လို့ ဘယ်တော့မှ ပြောမယ့်သူ မဟုတ်ပါဘူး အကြောင်းကတော့ သူ့ကလေးလေးကို ကောင်းကောင်းစားပြီး စိတ်ချမ်းသာတာကိုပဲ မြင်ချင်လို့ပါ။

(၅) သင်ပေါရင်လိုက်ပေါတယ်

တစ်ခါတလေ သင်က ပေါတောတောနဲ့ ရယ်စရာတွေ လုပ်တဲ့အခါကျရင် သင့်ကိုကိုကလည်း လိုက်လုပ်တတ်တဲ့သူပါ။ သင့်နဲ့အတူတူ ပေါရတာ၊ ဟာသတွေထိုင်ပြောပြီး တဟားဟားရယ်ရတာ၊ ကလေးတစ်ယောက်လို ခုန်ပေါက်ဆော့ကစားလေ့ရှိသူပါ။ အကြောင်းကတော့ သူ့မျက်လုံးထဲမှာ သင်ဟာ ကလေးလေးတစ်ယောက်လိုပဲ ဖြစ်နေတာကြောင့် ကလေးပျော်အောင် လူကြီးက လိုက်ဆော့ပေးတဲ့ သဘောပါ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.