ချစ်သူကို သွယ်ဝှိုက်သောနည်းနဲ့ ထုတ်ပြလိုက်တဲ့ ကောင်းထက်ဇော်

ချစ်သူကို သွယ်ဝှိုက်သောနည်းနဲ့ ထုတ်ပြလိုက်တဲ့ ကောင်းထက်ဇော်

မြန်မာနိုင်ငံရဲ့ အနုပညာရှင်တွေလိုဘဲ နာမည်ကျော်ကြားတဲ့ အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်ဟာ မကြာသေးခင်ကမှ သာသနာ့ဘောင်ကပြန်လည်ထွက်ခွာခဲ့ပြီး သူရဲ့ လုပ်ငန်းခွင်ထဲကိုပြန်လည်ရောက်ရှိနေပါပြီ ။

 

 

သူ့ကို ပရိသတ်တွေက Mrtv 4ရဲ့ စားမယ် ဝါးမယ် အစီအစဉ်ကနေ စတင်သတိထားမိခဲ့ကြတာဖြစ်ပြီး ၊ (၅)တန်းနဲ့ပြိုင်ဘယ်သူနိုင် တို့ မိသားစုပြိုင်ပွဲ တွေမှာတော့ ပရိသတ်အခိုင်အမာရရှိလာခဲ့ပြီ ဘဲဖြစ်ပါတယ်။ လတ်တလောအစီအစဉ်တစ်ခုဖြစ်တဲ့ The Money Drop Myanmar(ငွေတွေဝင်) အစီအစဉ်မှာလဲ ကိုကောင်းထက်ဇော်က နာမည်ကြီးလှပါတယ်။

သူ့ကို ပရိသတ်တွေက ချစ်စနိုးနဲ့ ကောင်းကြီးလို့ခေါ်ကြပြီး ယခုနောက်ပိုင်းမှာဆိုရင် ကြော်ငြာတွေတောင် ရိုက်ကူးလာရပါပြီ။ သူ့ရဲ့ အသက်၃၃နှစ်မွေးနေ့အထိမ်းအမှတ်အဖြစ် မိဘတွေရော ချစ်သူနဲ့ပါ အတူတူ မရမ်းကုန်းမြို့နယ် အမက (၂၃) ကျောင်းဝန်းအတွင်း မှာတည်ရှိတဲ့ အောင်သိဒ္ဓိသက်သက်လွတ်ဘုန်းကြီးကျောင်းမှာ သာသနာ့ဘောင်ဝင်ခဲ့ပါတယ်။

 

 

ကောင်းကြီးက မင်္ဂလာသတင်းကို နောက်နှစ်ထဲမှာ အတိအလင်းကြေညာပေးသွားမှာဖြစ်ပြီး ချစ်သူကောင်မလေးက ဖားအံကဖြစ်ကာ သူနဲ့ အတူသာသနာ့ဘောင် ဝင်ခဲ့တယ်လို့လဲ ပြောခဲ့ပါတယ်။

ချစ်သူကောင်မလေးကို ချပြချင်ပေမယ့်လဲ ထုတ်ပြောပြီးတဲ့အချိန်ဆို လမ်းခွဲသွားတက်လို့ အတိအကျသေချာပြီဆိုမှ ချပြသွားမယ်လို့လဲ သူကဆိုပါတယ်။

 

 

အိမ်ထောင်ဘက်ကို လက်ထပ်ခွင့်တောင်းတဲ့နေရာမှာလဲ သားမက်မက် မယားမက်မက် ပေါင်းချင်တယ်ဆိုပြီးတော့ ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ လဲ Sunday media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။ ကောင်းကြီးအတွက်လဲ အချစ်ရေးအဆင်ပြေစေဖို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။

 

လေးစားစွာဖြင့် ခရစ်ဒက် — gyanpone

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.