အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ချစ်ရတဲ့ မိသားစု၊ ချစ်သူနဲ့အတူတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို အတူတူ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။
နိုင်ငံကျော် မင်းသမီးတစ်လက်ဖြစ်တဲ့အတွက် ပရိသတ်တွေ၊ ယောကျာ်းလေးတွေရဲ့ စနောက်ကျီဆယ်ခြင်းကို အမြဲတမ်းခံရတဲ့ သင်ဇာက သူမကို စတာ လုံးဝမကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဆိုလာပါတယ်။
‘အစခံရရင် စတဲ့သူကိုအလိုလိုမုန်းတာ ချစ်လို့စတာပဲဖြစ်ဖြစ် မုန်းလို့စတာပဲဖြစ်ဖြစ် မစနဲ့ မကြိုက်ဘူး ????????” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေ ပြောဆိုထားတာကို တွေ့ရပါတယ်။
သင်ဇာကတော့ အစခံရတာ လုံးဝမကြိုက်ဘူးလို့  သူမရဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။