ဖြူဖြူထွေးကတော့ ဒဂုံတက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ဝင်ရောက်ဖျော်ဖြေရင်း လူမှုကွန်ယက်စာမျက်နှာမှာ နာမည်ကြီးလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပွင့်လင်းပြီး သွက်လက်ချက်ချာလွန်းတဲ့ ဖြူဖြူထွေးက ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးနေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ ရိုးသားပြီး ပွင့်လင်းလွန်းတဲ့ ဖြူဖြူထွေးက လက်ရှိမှာတော့ လူကြီး လူငယ်ပရိသတ်တိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။
ဖြူဖြူထွေးက တစ်နေ့တစ်ခြား အောင်မြင်မှုတွေ အကြီးအကျယ်ရရှိလာပြီး ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့ပေမယ့်လည်း သူမရဲ့ ရိုးသားတဲ့ ဟန်ပန်အမူအယာ၊ အပြောအဆိုလေးတွေကတော့ ပျောက်ကွယ်သွားခြင်းမရှိပါဘူး။ ပရိသတ်ကို အမြဲတမ်း လေးစားတဲ့ ဖြူဖြူထွေးက ဒီတစ်ခေါက်မှာလည်း သူမရဲ့ ချစ် ပရိသတ်တွေရဲ့ Video Call ပြောပြီး ရင်းရင်းနှီးနှီးစကားတွေပြောခဲ့တဲ့အကြောင်း ပြသလာခဲ့ပါတယ်။
ဖြူဖြူထွေးကတော့ ရိုးဖြောင့်တဲ့ဂုဏ် စားမကုန်ဆိုတဲ့ စကားအတိုင်းပဲ သူမရဲ့ ရိုးသားတဲ့ ပုံစံလေးကြောင့် ပိုပြီး အောင်မြင်ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးကို ဒီထက်မက ပိုချစ်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Phyu Phyu Htwe’s fb
zawgyi