
Posted on




 

 



ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်ညီမလေး သန္တာဗိုရိုက်ကူးပေးထားတဲ့ အမိုက်စားtik tokဗီဒီယိုဖိုင်လေးကို ချပြလိုက်တဲ့ ချောရတနာ …

ကလေးနှစ်ယောက်အမေလို့မထင်ရလောက်အောင် တစ်နေ့တစ်ခြားချောမောလှတဲ့ နာမည်ကျော် မင်းသမီးချောရတနာနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ချောရတနာကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် မြန်မာ့ရုပ်ရှင်အဖွဲ့အစည်းက အသိမှတ်ပြုထားတဲ့ အကယ်ဒမီဇာတ်ပို့ထူးချွန်ဆုတစ်ဆုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ကလေးနှစ်ယောက်မွေးပြီးကတည်းက အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပေမယ့် ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားနေလျက်ရှိပါတယ်။

ချောရတနာကတော့ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ အိမ်မှာနေရင်း ညီမဖြစ်သူ သန္တာဗိုရိုက်ပေးထားတဲ့ အမိုက်စား tik tokဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ အိမ်အလုပ်တွေကြောင့် စိတ်ဖိစိမှုတွေများနေပေမယ့် စိတ်လွတ်လပ်သွားအောင်ရှက်ရှက်နဲ့ မရိုက်ရဲပေမယ့် ပထမဆုံးရိုက်ကူးထားတဲ့ tik tokဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်နော်။

CeleConnections ပရိသတ်တွေအတွက် ချောရတနာရဲ့ tik tokဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ချောရတနာကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတွေရေးပေးခဲ့ကြပါအုံးနော်။

Source…. Chaw Yandar’s Facebook

Angella(CeleConnections)

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.