ချစ်ဇနီးရဲ့ဂရုစိုက်မှုတွေကြောင့် လူပျိုဘဝနဲ့ အိမ်ထောင်ကျပြီးအချိန်မှာတင် အပြောင်းလဲကြီးပြောင်းလဲသွားခဲ့တဲ့ ရွှေထူး

Posted on

လူငယ်ကြိုက်တေးသံရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် ရွှေထူးက ဒီဘက်ခေတ်ရဲ့ အအောင်မြင်ဆုံး တေးသံရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ရွှေထူးရဲ့ သီချင်းတွေက ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျပြီး ကောင်းမွန်တာကြောင့် လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြတာ ဖြစ်ပါတယ်။ ရွှေထူးက နောက်ပိုင်းမှာတော့ အဆိုတော်အလုပ်အပြင် သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ဖြစ်တည်မှုနဲ့ ပက်သတ်ပြီး ဖုံးကွယ်ထားခြင်းမရှိတဲ့ ရွှေထူးကတော့ ငယ်ငယ်က သူ့ရဲ့ ပုံရိပ်ဟောင်းတွေကိုလည်း ချပြဖို့ ဝန်မလေးသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေထူးက သူ့ရဲ့ ဖေ့စ်ဘုတ် My Day မှာ သူ့ရဲ့ လူပျိုပေါက်အရွယ်ကပုံရိပ်တွေနဲ့ လက်ရှိပုံရိပ်တွေကို ပြသထားရာ တော်တော်လေး ကွာခြားသွားခဲ့ပြီဆိုတာကို ပရိသတ်ကြီးလည်း တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ ချစ်ဇနီးလေး ရွှေမှုံရတီရဲ့ ဂရုစိုက်မှုနဲ့ သူ့ကိုယ်သူ ပြင်ပြင်ဆင်ဆင် နေတတ်လာမှုတို့ကြောင့် နောက်လူတစ်ယောက်အလား ထင်မှတ်ရလောက်အောင် ပြောင်းလဲသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အရင်ကထက် အများကြီးပိုချောလာတဲ့ ရွှေထူးရဲ့ ပုံရိပ်တွေကို သေဘာကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.