ချစ်စရာ ညအိပ်ဝတ်စုံလှလှလေးနဲ့ “သူစိမ်းအိမ်” Pajama Party ပွဲကို တက်ရောက်ခဲ့တဲ့ ဖွေးဖွေး

Posted on

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။

မနေ့က ဇူလိုင်လ(၂ဝ) ရက်နေ့မှာတော့ ဖွေးဖွေးက ရန်ကုန်မြို့ Juction City မှာ ကျင်းပပြုလုပ်တဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Pajama Party ကို တက်ရောက်ခဲ့ပါတယ်။

Pajama Party ဆိုတဲ့အတိုင်းပဲ ထိုပွဲကို တက်ရောက်လာသူတွေက၏အိပ်ဝတ်စုံလေးတွေ ကိုယ်စီဝတ်ပြီး ပွဲတက်လာတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကိုယ်တိုင်လည်း ချစ်စရာကောင်းတဲ့ ညအိပ်ဝတ်စုံလေးဝတ်ပြီး ပွဲတက်တာကို တွေ့ရပါတယ်။

“သူစိမ်းအိမ်” ရုပ်ရှင်ကားကြီးထဲမှာတော့ ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လင်းဇာနည်ဇော်၊ ဖွေးဖွေးတို့အပြင် အသစ်တွေဖြစ်ကြတဲ့ ကျော်ရဲမြင့်ငြိမ်း၊ ရှိန်းတင့်ထူး၊ ကူးကူးဇင်အောင်နဲ့ မြတ်နိုးအေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့လည်း သိရပါတယ်။

ဖွေးဖွေးကတော့ သူမရဲ့ ပုံစံလေးအတိုင်းပဲ ချစ်စရာကောင်းပြီး လှပလွန်းလို့ မြင်သူတိုင်း ငေးမောနေခဲ့ရတာ ဖြစ်ပါတယ်။

ချစ်ရတဲ့ အလင်းရောင်၊ အားတီတို့နဲ့အတူတူ

ဖွေးဖွေးကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ ချစ်စရာကောင်းတဲ့ ညအိပ်ဝတ်စုံလေးနဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.