ချစ်စရာသမီးလေးသုံးယောက်နဲ့အတူ စပျစ်ခြံထဲမှာ စပျစ်သီးတွေပျော်ပျော်ပါးပါးခူးနေတဲ့ မေမေနန္ဒာလှိုင် ( ဗီဒီယိုဖိုင် )

Posted on

ယနေ့ချိန်ထိတိုင် အရွယ်တင်နုပျိုပြီး ပြစ်မျိုးမှဲ့မထင်လှပနေဆဲဖြစ်တဲ့ အကယ်ဒမီနန္ဒာလှိုင်ဟာဆိုရင် သာယာအေးချမ်းတဲ့မိသားစုဘဝလေးမှာ ပျော်ရွှင်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ နန္ဒာလှိုင်ရဲ့မိသားစုလေးကိုလည်း ချစ်ကြပြီး ခဏခဏအလှူအတန်းတွေပြုလုပ်တတ်တဲ့ နန္ဒာလှိုင်တို့ဇနီးမောင်နှံရဲ့မွန်မြတ်တဲ့စိတ်ထားလေးကိုလည်း ပရိသတ်တွေက လေးစားပြီးချီးကျူးနေကြတာဖြစ်ပါတယ်။

 

 

နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးလေးကို အရမ်းချစ်ပြီး ကြင်နာယုယတတ်တဲ့အပြင် သမီးတွေကိုလည်း လိုလေသေးမရှိအောင်ထားပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။နန္ဒာလှိုင်ရဲ့သမီးသုံးယောက်ကလည်း အမေတူလေးတွေဖြစ်လို့ ၀၀တုတ်တုတ်လေးတွေနဲ့ အရမ်းချစ်စရာကောင်းကြပြီး သမီးငယ်လေးဇေမဒီလှိုင်ဆိုရင် ချစ်စရာအပြုအမူလေးတွေနဲ့အသည်းယားအောင်လုပ်တတ်သူလေးဖြစ်ပါတယ်။

 

 

အခုဆိုရင် နန္ဒာလှိုင်တို့မိသားစုက ပျော်ပျော်ရွှင်ရွှင်ခရီးထွက်နေကြပြီး စိတ်ကြိုက်လည်ပတ်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း နန္ဒာလှိုင်က သမီးသုံးယောက်နဲ့အတူ စပျစ်ခြံထဲမှာ စပျစ်သီးတွေကို ပျော်ပျော်ပါးပါးခူးနေကြပြီး သားအမိလေးယောက်လုံး အရမ်းချစ်ဖို့ကောင်းနေကြတဲ့ ပုံရိပ်လေးတွေကို ဖေဖေက ဗီဒီယိုမှတ်တမ်းလေးတင်ပြီး ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

 

 

Source:Zay Thiha/Nandar Hlaing

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.