ချစ် ခင်ေ လးစားရ သူ အဆိုေ တ်ာမီးမီးခဲ ရဲ့ အေ ကာ င့်ကို ဝင်ကြ ည့်မိမှ သူမ အတွ က် နော င်တ ရ ဝမ်း နည်းရတဲ့ အြ ဖ စ်လေး ကို ရ င်ဖွ င့် လာတဲ့ ဆုမြ တ် နိုးဦး

Posted on

ပရိသတ်ကြိးရေ အောက်တိုဘာလ (၁၆)ရက်နေ့မှာ ကြွေလွင့်သွားတဲ့ အနုပညာရှင် ဂီတ ကြယ်ပွင့် အဆိုတော်မလေး မီးမီးခဲရဲ့ နာရေးသတင်းကိုတော့ သိရှိပြီးဖြစ်မယ် ထင်ပါတယ်.။မီးမီးခဲကတော့ ပျော်ရွှင်မှု အစစ်အမှန်နဲ့ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ရရှိချိန်မှ ရောဂါဆိုးကြီးရဲ့ ဖျက်ဆီးခြင်းကို ခံရကာ ဆေးရုံပေါ်မှာ ကြံ့ခိုင်တဲ့ စိတ်နဲ့ ဆေးကုသမှုတွေကို ခံယူခဲ့သူပါ.။ရောဂါရဲ့ ဒဏ်ကို အံတုကာ ချစ်တဲ့ ပရိသတ်တွေအတွက် ဂီတအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး သီချင်းချိုချိုလေးတွေကို ပရိသတ်တွေအတွက် အောက်မေ့ သတိရမှုတွေဖြစ်ရအောင် ချန်ခဲ့ပေးသူပါ.။ အနုပညာရှင်တိုင်းနဲ့ ပရိသတ်တွေရဲ့ အသည်းကျော် မြတ်နိုး မှုတွေကို ခံရသူမို့ သူမရဲ့ ကြွေလွင့်သတင်းဟာ လူတော်တော်များများရဲ့ ရင်ကို ကွဲကြေမှုတွေကို ခံစားရစေခဲ့ပါတယ်.။

ဒီနေ့အောက်တိုဘာလ (၂၀)ရက်နေ့မှာတော့ သရုပ်ဆောင် ဆုမြတ်နိုးဦးက သူမချစ်တဲ့ အိုင်ဒေါ အဆိုတော် မီးမီးခဲက Facebook မှာ လာအပ်ထားပေမယ့် မသိခဲ့တဲ့ သူမရဲ့ အဖြစ်ကို “ကိုယ်အရမ်းကြိုက်တဲ့အဆိုတော်က ကိုယ့်fb accကိုလာaddထားတာ သူဆုံးပီးမှသိရတာမျိုးက .. မမီးမီးခဲက မြတ်နိုးကို fb မှာလာ add အက်ထားတာကိုလုံးဝမသိလိုက်ဘူး .. ။ အခုသူဆုံးတော့ စိတ်မကောင်းလို့သူ့ acc ဝင်ကြည့်ရင်းနဲ့မှ သူ add ထားတာသိလိုက်ရတယ်…။

အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်အစ်မရယ် 😞” ဆိုပြိး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ချစ်ခင်လေးစားတဲ့ အဆိုတော်ရဲ့ လာရောက် အပ်နှံခံရပေမယ့် ကွယ်လွန်ပြီးမှ သိရတဲ့အဖြစ်ကြောင့် ဆုမြတ်နိုးဦးတစ်ယောက်တော့ တော်တော်ဝမ်းနည်းခံစားရမယ် ထင်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။

Source: Hsu Myat Noe Oo’sfacebook

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.