ချစ်ခင်ပွန်းရဲ့ယုယကြင်နာမှုတွေအောက်မှာ ဘာဘီအရုပ်မလေးလို တစ်နေ့တစ်ခြားပိုပိုလှလာတဲ့ ရွှေမှုံရတီ

Posted on

ပရိသတ်ကြီးရေ ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံကတော့ သာယာဖြောင့်ဖြူးတဲ့ချစ်ခရီးလမ်းလေးကိုအေးချမ်းစွာလျှောက်လှမ်းနေကြတာပဲဖြစ်ပါတယ်။ရွှေထူးနဲ့ရွှေမှုံတို့ရဲ့အိမ်ထောင်သက်တမ်းကလည်း ၉လကျော် ၁၀လနီးပါးရှိနေပြီဖြစ်တဲ့အပြင် တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အချစ်တွေက တစ်ရက်ထက်တစ်ရက်တိုးပွားနေကြတာကို ပရိသတ်ကြီးလည်းခံစားမိမှာပါနော်။

ရွှေထူးက အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသစွာနဲ့ ချစ်ဇနီးအပေါ်ကို ယုယကြင်နာပြီးလိုလေသေးမရှိထားပေးသလို ရွှေမှုံကလည်း ဇနီးကောင်းပီသစွာ အိမ်မှုကိစ္စအကုန်နိုင်နင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်လုံးက အနုပညာအလုပ်တွေလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး အပြန်အလှန်အကြံဉာဏ်တွေလည်း ပေးကြပါတယ်နော်။

လက်တလောမှာတော့ ရွှေမှုံလေးက သီချင်းလေးအသစ်တစ်ပုဒ်ကိုပြင်ဆင်နေပြီး သီချင်းနမူနာကိုလည်း ပရိသတ်တွေဆီချပြခဲ့ပါတယ်နော်။ရွှေမှုံကတော့ သရုပ်ဆောင်အိုင်တင်တော်ပြီးသီချင်းဆိုတာလည်းအရမ်းကောင်းသလို အရမ်းလှတဲ့သူလေးလည်းဖြစ်ပါတယ်။အခုဆိုရင်တော့ ရွှေမှုံက ဗေဒါရောင်ဂါဝန်လေးကိုဝတ်ဆင်ထားပြီး ဘာဘီရုပ်မလေးလို ချစ်စရာကောင်းနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Shwe Hmone Yati
ခရက်ဒစ် myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.