ချစ်ခင်ပွန်းကို ဆယ်သိန်းကျော်တန် တန်ဖိုးကြီးပစ္စည်းတစ်ခုကိုလက်ဆောင်ပေးလိုက်တဲ့ စမိုင်းလ်

Posted on

မော်ဒယ်ခေတ်ဦးမှာထဲကကျော်ကြားခဲ့ပြီး ခုချိန်ထိ လှပကျော့ရှင်းနေဆဲဖြစ်တဲ့သူကတော့ စမိုင်းလ် ပဲဖြစ်ပါတယ် ။ သူမဟာ အနုပညာလောကတွင် အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ယနေ့ထိတိုင်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

သူမဟာ ချစ်ခင်ပွန်းနဲ့အတူ သမီးလေးနှစ်ယောက်ကို ရင်အုပ်မကွာထိန်းသိမ်းစောင့်ရှောက်ကာ သာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားကြတာပါ။ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာလည်း တစ်ယောက်နဲ့တစ်ယောက် Surprise လေးတွေလုပ်ကြတာ ရိုမန့်တစ်ဆန်လွန်းတာကြောင့် ပရိသတ်တွေက အားကျနေရတာပါ။

သူမတို့မိသားစုလေးဟာ LA ကို အလည်အပတ်သွားရောက်နေကြတာပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သူမရဲ့ချစ်ခင်ပွန်းအတွက် ဆယ်သိန်းကျော်တန် LV ပိုက်ဆံအိတ်လေးကို လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီလိုချစ်စရာကောင်းတဲ့မိသားစုလေးကို အားမကျကြဘူးလား…….

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.