ခိုင်နှင်းဝေဂေဟာက ကလေးငယ်များအတွက် ကိုယ်တိုင်လုပ်မုန့်များနဲ့ အရုပ်များကို လှူဒါန်းခဲ့ကြတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံ

Posted on

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့အကျိုးစီးပွားမပါပဲ ပရဟိတအသင်းကို တည်ထောင်ထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်နှင်းဝေက ခိုင်နှင်းဝေရင်ခွင်ရိပ်မြိုင်ဂေဟာမှာ ကလေးပေါင်း အယောက် (၃၀) ကျော်ကို ပြုစုစောင့်ရှောက်ထားတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပရိသတ်တွေက ပရဟိတမင်းသမီးလို့ တင်စားရလောက်အောင် ပရဟိတစိတ်ပြင်းထန်တဲ့ နိုင်ငံကျော် မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ခိုင်နှင်းဝေက သူမရဲ့ ဂေဟာလေးမှာ ကလေးငယ်များအတွက် လာရောက်လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံကို ကျေးဇူးတင်စကားပြောထားတာကို တွေ့ရပါတယ်။ ပိုင်ဇေရဲထွန်းတို့ မိသားစုက ခိုင်နှင်းဝေရင်ခွင်ရိပ်မြိုင်ဂေဟာရှိ ကလေးငယ်များအတွက် ကိုယ်တိုင်လုပ်မုန့်များနဲ့ အရုပ်များကို လာရောက်လှူဒါန်းရင်း ကုသိုလ်ယူခဲ့ကြတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံနဲ့တကွ လာရောက်လှူဒါန်းကြတဲ့ စေတနာရှင် အလှူရှင်များအားလုံးကို ကျေးဇူးတင်စကားပြောလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဇေရဲထွန်းတို့ မိသားစုရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.