ခရီးတွေသွားတိုင်း ပိုက်ဆံအိတ် ကအစ သယ် ခိုင်းတဲ့ ချစ်ဇနီးရွှေမှုံရတီကို စိတ်ဆိုးချင်ယောင်ဆောင်ပြီး စနောက်ကျီစယ်ခဲ့တဲ့ ရွှေထူး

Posted on

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အချိန်တိုလေးအတွင်းမှာ ချစ်ခဲ့ကြတယ်ဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်းနဲ့ မေတ္တာတွေ ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အချစ်ရေးက အစပိုင်းမှာတော့ အခက်အခဲတွေများ စွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခုလက်ရှိမှာတော့ နှစ်ဘက်မိဘတွေ အဆင်ပြေပြေနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားကြပြီပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးလေးကို သာယာပျော်ရွှင်ဖွယ်ဖြစ်အောင် တည်ဆောက်နေသလို ပရိသတ်တွေအတွက်လည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ကာလဖြစ်တာကြောင့် အိမ်ထဲကနေအိမ်ပြင်မထွက်ဖြစ်တော့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက သူတို့ရဲ့ ခရီးသွားရင်း ပျော်ခဲ့တဲ့ အချိန်တွေကို သတိရနေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေထူးက ချစ်ဇနီးနဲ့အတူတူ ခရီးသွားခဲ့တဲ့ အမှတ်တရလေးကို မျှဝေရင်း “အထုပ်တွေမသယ်ရတာကြာပြီ 😁” ဆိုပြီး ဇနီးသည်ရဲ့ ပိုက်ဆံအိတ်ကအစ လွယ်ပေးရတဲ့ သူ့အဖြစ်ကိုသူ အရွှန်းဖောက်လာပါတယ်။ ထိုပို့စ်အောက်မှာ ရွှေမှုံရတီက “😓😓😓😓ဟုပါ့🥺” ဆိုပြီး ကောမန့်ပေးခဲ့ရာ ရွှေထူးက “အထုပ် မသယ်ခိုင်းရလို့ ဝမ်းနည်းနေတာလား 😒” ဆိုပြီး ပြန်လည်ပြောခဲ့ပါတယ်။

ရွှေထူးကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ထက် အသက်ငယ်ပြီး ချစ်စရာကောင်းတဲ့ ဇနီးလေးကို အရိပ်တကြည့်ကြည့် ဂရုစိုက် တတ်သူတစ်ေ ယာက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာလည်း ရွှေထူးလိုပဲ အပြင်သွားတိုင် ကိုယ်ချစ်ရသူလေးရဲ့ ပိုက်ဆံအိတ်ကို လွယ်ပေးဖူးတဲ့သူရှိမှာပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htoo Khant’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.