“ခရီးတွေထွက်ရတာကို သဘောကျလွန်းတာကြောင့် ခရီးတွေပြန်ထွက်ချင်နေပြီဆိုတဲ့ နန်းဆုရတီစိုး”


 

 


 

 


 


ယူနီကုဒ်ဖြင့်ဖတ်ရန်

တစ်နေ့တစ်ခြားချောမောလှပလာပြီး ပုရိသပရိသတ်တွေရဲ့ အသည်းကျော်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်အဆိုတော်မလေး နန်းဆုရတီစိုးနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နန်းဆုရတီစိုးရဲ့သီချင်းတွေကတော့ “ရူးအောင်ချစ်ရသူ ၊ ကမ်းမဲ့လှေ ” သီချင်းတွေဟာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားကာ ပျော်ရွှင်စွာနဲ့ပဲ ဖြတ်သန်းနေတဲ့ သူတစ်ဦးပါပဲနော်။

အိမ်မှာနေရင်း ပရိသတ်တွေအတွက် သူမရဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ နန်းဆုက”အရင်လို ခရီးတွေ အရမ်းထွက်ချင်နေပါပြီနော်”လို့ဆိုကာ သူမရဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ခရီးတွေထွက်ရတာကို သဘောကျလွန်းတဲ့ သူတစ်ဦးပါပဲနော်။

ပရိသတ်တွေအတွက် နန်းဆုရဲ့ ခရီးထွက်ချင်နေပြီဆိုတဲ့ ခံစားချက်လေးနဲ့ ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေထဲမှာရော နန်းဆုလိုပဲ ခရီးသွားရတာကို သဘောကျနှစ်သက်တဲ့ သူတွေရှိကြမယ်ထင်ပါတယ်။
Soure…. Nan Su Yati Soe’ s Facebook

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.