ခရီးသည္္​ (၈၀)​ေက်ာ္္ ကို ​ေဘးအႏၲရာယ္္မရွိ​ေအာင္​ ေျမျပင္ဆင္​းသက္္​ႏိုင္္​ခဲ့သည္​႔ ​ေလယာဥ္္မွဴးဦးျမတ္​မိုး​ေအာင္္အားဂုဏ္​ျပဳပြဲက်င္​းပမည္္​

ေဘးအႏၲရာယ္္ ​မရွိ​ေအာင္​ ေျမျပင္ဆင္​းသက္​ႏိုင္​ခဲ့သည္​့​ေလယာဥ္​မွဴးဦးျမတ္​မိုး​ေအာင္္အားဂုဏ္ျပဳပြဲ အတြက္​ ျမန္​မာ​ေနရွင္​နယ္​လိဂ္​ CEO ဦးစိုးမုိးမွ ေငြက်ပ္ ၅ သိန္​း မွ ၁၀ သိန္​းၾကား မတည္​မည္​့ အျပင္​ျမန္မာႏိုင္ငံေဘာလံုး အဖဲြ႔ခ်ဳပ္ MFF ဥကၠ႒ လည္းျဖစ္ ၊ အာရွေဘာလံုး အဖဲြ႔ခ်ဳပ္ ဒုတိယ ဥကၠ႒ လည္းျဖစ္ေသာ ဦးေဇာ္ေဇာ္ကလည္းပါဝင္​ဂုဏ္​ျပဳသြားမည္​ျဖစ္ေၾကာင္းသိရသည္​။

မီဒီယာေတြ႔ဆံုပြဲတြင္ သရုပ္​​ေဆာင္​ ​ေနမင္​းက”ကၽြန္​​​​ေတာ္​့မွာ​ေ႐ႊတံဆိပ္​ျပား​ေလးရွိတယ္​။အဲဒီဥစၥ​ာ​ေလး ကၽြန္​​ေတာ္​့အတြက္​ တန္​ဖိုးရွိတာ​ေလး။​ေငြ​ေၾကးက်​ေတာ့လည္​း တစ္​​ေယာက္​နဲ႔တစ္​​ေယာက္​အဲ့လို​ေပါ့။ ကၽြန္​​ေတာ္​အျမတ္​တႏိုးရထားတဲ့ ဟာ​ေလး ​ကန္​​ေတာ့ခ်င္​လို႔ ” ဟုလည္​း သူ၏သ​ေဘာထားကိုေျပာျပခဲ့သည္​။

ခရီးသည္​မ်ား၏ အသက္​​ေပါင္​း ၈၀ ​ေက်ာ္​ကို ​ေလယာဥ္​ဆင္​းသက္​ခိ်န္​တြင္ေရွ႕ဘီးခ်မရသည္​့ အလြန္​ျဖစ္​ခဲလွ​ေသာ ျဖစ္​စဥ္​မ်ိဳးႏွင္​့ ႀကံဳ​ေတြ႕ခဲ့ရ​ေသာ္​လည္​း​ေဘးအႏၲရာယ္​မရွိ​ေအာင္​ ဆင္​းသက္​ႏိုင္​ခဲ့သည္​့ ျမန္​မာ့ ​ေလယာဥ္​မွဴးဦးျမတ္​မိုး​ေအာင္​အား ျမန္​မာ​ေနရွင္​နယ္​လိဂ္​ CEO ဦးစိုးမိုး၊ရုပ္​ရွင္​သရုပ္​​ေဆာင္​ ​ေနမင္​း ၊ စည္​သူ​ေမာင္​တို႔က ဦး​ေဆာင္​၍ ဂုဏ္​ျပဳမည္​့ပြဲ က်င္​းပသြားမည္​ျဖစ္ေၾကာင္း သိရသည္။

ျမန္​မာ ေနရွင္​နယ္​လိဂ္​ CEO ဦးစိုးမိုးက ယေန႔ မြန္းလြဲပိုင္းကရန္ကုန္ၿမိဳ႕ သုဝဏၰေဘာလံုးကြင္းရွိ ျမန္မာေနရွင္နယ္လိဂ္ ရံုးခန္း၌ျပဳလုပ္ေသာ သတင္း မီဒီယာမ်ားႏွင့္ေတြ႕ဆံုသည့္အခမ္းအနားတြင္ အထက္ပါအတိုင္း​ေျပာျပခဲ့ျခင္း ျဖစ္သည္။

“ဒီလိုအခ်ိန္​မ်ိဳးမွာ ​ေတာ္​ရံုတန္​ရံု Pilot ​ေတြ မလုပ္ႏိုင္​​တာကို လုပ္​ခဲ့တယ္​။ႏိုင္​ငံျခားက သိန္​းခ်ီသန္​းခ်ီရ​ေနတဲ့ pilot ​ေတြ​ေတာင္​ မလုပ္​ႏိုင္​ဘူး။ ေလယာဥ္​ဆိုတာက အားလံုးသိတဲ့ အတိုင္​း ​ေတာ္​​ေတာ္​မ်ားမ်ား စီးဖူးၾကပါတယ္။

​ေလယာဥ္​ရဲ႕ slow speed က ကားအျမန္​ထက္​ကိုျမန္​တယ္​ ။ အဲ့တာကို​ေတာ္​​ေတာ္​ မ်ားမ်ားကို ျပန္​ထိန္​းၿပီး ​ေနာက္​ဆံုး ကားအျမန္​နႈန္​း​ေလာက္​မွဒါက္​ုိပြတ္​တိုက္​ဆြဲသြားတာ။ ဒါေၾကာင္​့ ကၽြန္​​ေတာ္​တို႔​ေလယာဥ္​မွဴးႀကီးနဲ႔အဖြဲ႕ကိုတတ္​ႏိုင္​သမ်ွ ​ေက်းဇူးဆပ္​တဲ့ပြဲ​ေလး လုပ္​မယ္​ဆိုၿပီး​ေတာ့ ​ဟို​ေန႔က တင္​လိုက္​တာပါ။

ကၽြန္​​ေတာ္​တို႔က ဂုဏ္​ျပဳတာဆို​ေပမယ္​့ သူတို႔က အစုိးရဝန္​ထမ္​း​ေတြျဖစ္​တာ​ေၾကာင္​့ သူတုိ႔အား​ေလာက္​မယ္​့ အခ်ိန္​၊တတ္​​ေရာက္​ႏိုင္​မယ္​့ အခ်ိန္​ကိုတြက္​ရတယ္​” ဟု၄င္းက ​ေျပာဆိုေၾကာင္း သိရွိရသည္​။

CREDIT: Pyi Myanmar News

 

Unicode

 

ဘေးအန္တရာယ် မရှိအောင် မြေပြင်ဆင်းသက်နိုင်ခဲ့သည့်လေယာဉ်မှူးဦးမြတ်မိုးအောင်အားဂုဏ်ပြုပွဲ အတွက် မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးမှ ငွေကျပ် ၅ သိန်း မှ ၁၀ သိန်းကြား မတည်မည့် အပြင်မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ လည်းဖြစ် ၊ အာရှဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်သော ဦးဇော်ဇော်ကလည်းပါဝင်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

မီဒီယာတွေ့ဆုံပွဲတွင် သရုပ်ဆောင် နေမင်းက”ကျွန်တော့်မှာရွှေတံဆိပ်ပြားလေးရှိတယ်။အဲဒီဥစ္စာလေး ကျွန်တော့်အတွက် တန်ဖိုးရှိတာလေး။ငွေကြေးကျတော့လည်း တစ်ယောက်နဲ့တစ်ယောက်အဲ့လိုပေါ့။ ကျွန်တော်အမြတ်တနိုးရထားတဲ့ ဟာလေး ကန်တော့ချင်လို့ ” ဟုလည်း သူ၏သဘောထားကိုပြောပြခဲ့သည်။

ခရီးသည်များ၏ အသက်ပေါင်း ၈၀ ကျော်ကို လေယာဉ်ဆင်းသက်ချိန်တွင်ရှေ့ဘီးချမရသည့် အလွန်ဖြစ်ခဲလှသော ဖြစ်စဉ်မျိုးနှင့် ကြုံတွေ့ခဲ့ရသော်လည်းဘေးအန္တရာယ်မရှိအောင် ဆင်းသက်နိုင်ခဲ့သည့် မြန်မာ့ လေယာဉ်မှူးဦးမြတ်မိုးအောင်အား မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုး၊ရုပ်ရှင်သရုပ်ဆောင် နေမင်း ၊ စည်သူမောင်တို့က ဦးဆောင်၍ ဂုဏ်ပြုမည့်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ နေရှင်နယ်လိဂ် CEO ဦးစိုးမိုးက ယနေ့ မွန်းလွဲပိုင်းကရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ မြန်မာနေရှင်နယ်လိဂ် ရုံးခန်း၌ပြုလုပ်သော သတင်း မီဒီယာများနှင့်တွေ့ဆုံသည့်အခမ်းအနားတွင် အထက်ပါအတိုင်းပြောပြခဲ့ခြင်း ဖြစ်သည်။

“ဒီလိုအချိန်မျိုးမှာ တော်ရုံတန်ရုံ Pilot တွေ မလုပ်နိုင်တာကို လုပ်ခဲ့တယ်။နိုင်ငံခြားက သိန်းချီသန်းချီရနေတဲ့ pilot တွေတောင် မလုပ်နိုင်ဘူး။ လေယာဉ်ဆိုတာက အားလုံးသိတဲ့ အတိုင်း တော်တော်များများ စီးဖူးကြပါတယ်။

လေယာဉ်ရဲ့ slow speed က ကားအမြန်ထက်ကိုမြန်တယ် ။ အဲ့တာကိုတော်တော် များများကို ပြန်ထိန်းပြီး နောက်ဆုံး ကားအမြန်နှုန်းလောက်မှဒါကိုပွတ်တိုက်ဆွဲသွားတာ။ ဒါကြောင့် ကျွန်တော်တို့လေယာဉ်မှူးကြီးနဲ့အဖွဲ့ကိုတတ်နိုင်သမျှ ကျေးဇူးဆပ်တဲ့ပွဲလေး လုပ်မယ်ဆိုပြီးတော့ ဟိုနေ့က တင်လိုက်တာပါ။

ကျွန်တော်တို့က ဂုဏ်ပြုတာဆိုပေမယ့် သူတို့က အစိုးရဝန်ထမ်းတွေဖြစ်တာကြောင့် သူတို့အားလောက်မယ့် အချိန်၊တတ်ရောက်နိုင်မယ့် အချိန်ကိုတွက်ရတယ်” ဟု၎င်းက ပြောဆိုကြောင်း သိရှိရသည်။

CREDIT: Pyi Myanmar News

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.