ခမ်းနားကြီးကျယ်လွန်းလှတဲ့ အိမ်အသစ်ကြီးထဲက ရေချိုးခန်းအမိုက်စားကို ထုတ်ပြလိုက်တဲ့ ပိုပို

သီချင်း​တွေကို ကိုယ်​ပိုင်​ခံစားချက်​နဲ့ ဖန်​တီးပြီး Mood အပြည့်​နဲ့ သီဆို​လေ့ရှိတာ​ကြောင့်​ ပရိသတ်​​တွေရဲ့ချစ်​ခင်​အား​ပေးမှုကို အပြည့်​အဝရရှိထားတဲ့ အဆို​တော်​ ပိုပိုက​တော့ ပရိသတ်​​တွေအတွက်​ အမိုက်​စားသီချင်း​တွေကိုလည်း ဖန်​တီး​နေသူတစ်​ဦးပါ။

ခြွေတာစု​ဆောင်းတတ်​လွန်းတဲ့ ပိုပိုက​တော့ အခုဆိုရင်​ ခမ်းနားလှတဲ့ အိမ်​အသစ်​ကြီးကို ကိုယ်​ပိုင်​ဝင်​​ငွေနဲ့ တည်​​ဆောက်​နိုင်​ခဲ့ပြီပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ပိုပိုက ခမ်းနားလွန်းတဲ့ သူမရဲ့အိမ်​အသစ်​ကြီးထဲက အမိုက်စားရေချိုးခန်းကို ထုတ်ပြလိုက်တာ တွေ့ရပါတယ်။ မြင်လိုက်တာနဲ့ Wow ဆိုပြီး ဖြစ်သွားစေမယ့် ပိုပိုရဲ့ရေချိုးခန်းကြီးကတော့ အရမ်းကို မိုက်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အိမ်အသစ်ကြီးထဲက ခမ်းခမ်းနားနား ဖန်တီးထားတဲ့ ပိုပိုရဲ့ရေချိုးခန်းကြီးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုပိုကတော့ ” ပို့ရဲ့ Bath Room အခုလို လှနေအောင် ပြင်ဆင် ပေးတာကတော့ ချစ်သူတို့ရဲ့ အနာဂတ် မင်္ဂဆောင် စီမံကိန်း ကပဲဖြစ်ပါတယ် ကျေးဇူးပါ ကိုနေဇော်နဲ့ မမ ရေ ???????? (နောက်ထက် လှနေတဲ့ နေရာတွေ လဲရှိပါသေးတယ်)” ဆိုပြီး သူ့ရဲ့အိမ်အသစ်ကြီးထဲက ရေချိုးခန်းလေးကို ကြည်နူးစွာ ထုတ်ပြထားတာပဲ ဖြစ်ပါတယ်။

မြင်တာနဲ့ အံ့အားသင့်သွားစေမယ့် ပိုပိုရဲ့ရေချိုးခန်းကြီး

ပိုပိုရဲ့အမိုက်စားအိမ်ကြီးထဲမှာတော့ သေချာပြင်ဆင်ထားတဲ့ စတူဒီယိုခန်းကြီးလည်းရှိတာမို့ သူမလို အဆိုပညာရှင်တွေလည်း အသံသွင်းလို့ရအောင် စီစဉ်ထားပါသေးတယ်။ လတ်တလောမှာတော့ ပိုပိုက အိမ်အသစ်ကြီး ပြီးသွားပြီမို့ သီချင်းဘက်ကိုပဲ အာရုံစိုက်ဖို့ ကြိုးစားနေတာပါ။

ပရိသတ်​​တွေစိတ်​ဝင်​စား​နေကြတဲ့ ချစ်​စရာ​ကောင်​မ​လေး ပိုပိုရဲ့အချစ်​​ရေးက​တော့ အခုအချိန်အထိ တစ်​ကိုယ်တည်းပါပဲတဲ့​နော်​​​​။ချစ်​ပရိသတ်​​တွေလည်း အရမ်းကိုခမ်းနားလွန်းတဲ့ ပိုပိုရဲ့အိမ်အသစ်ကြီးထဲက ရေချိုးခန်းကြီးကိုသဘောကျ​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.