ခင်မင်သူတွေကို မှော်ဘီခြံကြီးထဲမှာ ညအိပ်ညနေဖိတ်ခေါ်ပြီး မနက်ပိုင်း အလှူလေးတစ်ခု ပျော်ပျော်ရွှင်ရွှင်ပြုလုပ်ခဲ့တဲ့ ခင်လှိုင်တို့ မိသားစု

Posted on

ပြည်သူချစ် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတစ်ခုရရှိထားသလို သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ခင်လှိုင်တို့ မိသားစုလေးကတော့ ပျော်ပျော်နေတတ်ကြသလို မကြာခဏဆိုသလိုလည်း အလှူအတန်းတွေပြုလုပ်လေ့ရှိတာ ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။

ဒီတစ်ခါမှာလည်း ခင်လှိုင်တို့ မိသားစုက သူတို့ပိုင်ဆိုင်တဲ့ မှော်ဘီမြို့က ခြံကြီးထဲမှာ ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဘုန်းမင်းနေလ၊ ပတ္တမြားကေခိုင်၊ ထွန်းဝီရတို့နဲ့ ညဘက်ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးခဲ့ကြပြီး တန်ဆောင်မုန်းလပြည့်နေ့ မနက်ပိုင်းမှာလည်း အလှူအတန်းတွေပြုလုပ်နေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ခင်လှိုင်တို့ မိသားစုရဲ့ အလှူလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ခင်လှိုင်တို့ မိသားစုကတော့ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေကိုဖိတ်ပြီး အမှတ်တရကောင်းတွေကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်လှိုင်တို့ မိသားစုရဲ့ အပျော်တွေကိုကြည့်ပြီး ထပ်တူဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htun Wira

zawgyi




Source: Htun Wira

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.