ခင္မင္ရသူညီမေလးတစ္ေယာက္ရဲ႕ လက္ေဆာင္ေၾကာင့္ ဝမ္းနည္းဝမ္းသာျဖစ္ၿပီး ေျပာစရာစကားေတြေတာင္ ဆြံ႕အသြားခဲ့ရတဲ့ ေခ်ာရတနာ

Posted on

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေခ်ာရတနာကေတာ့ အကယ္ဒမီဆုႀကီးတစ္ဆုကို လက္ဝယ္ပိုင္ဆိုင္ခဲ့ၿပီး ကေလးႏွစ္ေယာက္ေမေမျဖစ္တဲ့တိုင္ ပရိသတ္အားေပးမႈကို ရရွိေနဆဲ ျဖစ္ပါတယ္။ ေခ်ာရတနာကေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈ၊ ခင္ပြန္းနဲ႔ သားသမီးေတြရဲ႕ ခ်စ္ခင္မႈကို ရရွိေနတယ္ဆိုေပမယ့္ မိခင္ႀကီးမရွိေတာ့တဲ့ေနာက္ပိုင္းမွာေတာ့ တစ္ရက္မွ ေမ့မရပဲ သတိတရရွိေနဆဲ ျဖစ္ပါတယ္။ ေခ်ာရတနာတို႔ မိခင္ႀကီးက ၿပီးခဲ့တဲ့ မတ္လအတြင္းကမွ ႐ုတ္တရက္ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး ေခ်ာရတနာတို႔ကေတာ့ သြားေလသူမိခင္ႀကီး ေနာက္ဆံမတင္းရေအာင္ အလႉအတန္းေတြျပဳလုပ္ရင္း ဘဝကို ေအးခ်မ္းစြာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ေခ်ာရတနာက ခင္မင္ရသူညီမေလးတစ္ေယာက္ရဲ႕ လက္ေဆာင္ေၾကာင့္ ဝမ္းနည္းဝမ္းသာျဖစ္ခဲ့ရတဲ့အေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။ ေခ်ာရတနာက “စိတ္ကူးေကာင္းပါေပတယ္ ငါ့ညီမ။ ဒီပုံေလးစၿပီး လက္ေဆာင္ရေတာ့ ဝမ္းနည္ဝမ္းသာျဖစ္ၿပီး ေက်းဇူးတင္လြန္းလို႔ ဘာေျပာရမွန္းမသိေအာင္ စြံ႕အသြားတယ္။ အေမက ဓာတ္ပုံ႐ိုက္လုံးဝဝါသနာ မပါဘူး။ အခုခ်ိန္မွာ သူ႔ပုံေလးတစ္ပုံက အစ္မတြက္ တန္ဖိုးမျဖတ္ႏိုင္ပါဘူး” ဆိုၿပီး သူမေမေမရဲ႕ ပုံတူ ေက်ာက္ပန္းခ်ီကားေလးတစ္ခ်ပ္ လက္ေဆာင္ရခဲ့ေၾကာင္း ေျပာလာပါတယ္။

ေခ်ာရတနာကေတာ့ ဓာတ္ပုံ႐ိုက္ဝါသနာမပါတဲ့ ေမေမရဲ႕ ပုံတူပန္းခ်ီကားတစ္ခ်ပ္ကို လက္ေဆာင္ရရွိတဲ့အခါမွာေတာ့ ေျပာစရာစကားေတြေတာင္ ဆြံ႕အၿပီး ဝမ္းနည္းဝမ္းသာ ျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Chaw Yadanar’s fb

Unicode

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ချောရတနာကတော့ အကယ်ဒမီဆုကြီးတစ်ဆုကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီး ကလေးနှစ်ယောက်မေမေဖြစ်တဲ့တိုင် ပရိသတ်အားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။ ချောရတနာကတော့ ပရိသတ်တွေရဲ့ အားပေးမှု၊ ခင်ပွန်းနဲ့ သားသမီးတွေရဲ့ ချစ်ခင်မှုကို ရရှိနေတယ်ဆိုပေမယ့် မိခင်ကြီးမရှိတော့တဲ့နောက်ပိုင်းမှာတော့ တစ်ရက်မှ မေ့မရပဲ သတိတရရှိနေဆဲ ဖြစ်ပါတယ်။ ချောရတနာတို့ မိခင်ကြီးက ပြီးခဲ့တဲ့ မတ်လအတွင်းကမှ ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ချောရတနာတို့ကတော့ သွားလေသူမိခင်ကြီး နောက်ဆံမတင်းရအောင် အလှူအတန်းတွေပြုလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချောရတနာက ခင်မင်ရသူညီမလေးတစ်ယောက်ရဲ့ လက်ဆောင်ကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ ချောရတနာက “စိတ်ကူးကောင်းပါပေတယ် ငါ့ညီမ။ ဒီပုံလေးစပြီး လက်ဆောင်ရတော့ ဝမ်းနည်ဝမ်းသာဖြစ်ပြီး ကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်းမသိအောင် စွံ့အသွားတယ်။ အမေက ဓာတ်ပုံရိုက်လုံးဝဝါသနာ မပါဘူး။ အခုချိန်မှာ သူ့ပုံလေးတစ်ပုံက အစ်မတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး” ဆိုပြီး သူမမေမေရဲ့ ပုံတူ ကျောက်ပန်းချီကားလေးတစ်ချပ် လက်ဆောင်ရခဲ့ကြောင်း ပြောလာပါတယ်။

ချောရတနာကတော့ ဓာတ်ပုံရိုက်ဝါသနာမပါတဲ့ မေမေရဲ့ ပုံတူပန်းချီကားတစ်ချပ်ကို လက်ဆောင်ရရှိတဲ့အခါမှာတော့ ပြောစရာစကားတွေတောင် ဆွံ့အပြီး ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Chaw Yadanar’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.