ခင်ပွန်း ကို ဆွဲဆောင်ဖို့ ၊ ကျဉ်းအောင် ခွဲစိ တ် ခဲ့ တဲ့ အမျိုးသမီး ၊ ပိတ်သွား လို့ ဒုက္ခရောက်နေ

Posted on

အသက်(၄၇)နှစ် အရွယ် ထိုင်ဝမ် အမျိုးသမီးတစ်ယောက် ဟာ ခင်ပွန်းသည် က တစ်ခြားမိန်းမတွေ နဲ့ ဖောက်ပြန်နေတာကြောင့်၊ သူမ မျိုးပွားအင်္ဂါလမ်းကြောင်း ကို ခွဲစိတ်ပြီး ကျဉ်းခဲ့ ပါတယ် ။ သူမ ဟာ အမျိုးသား တစ်ခြားအမြှောင်မယား ထားရခြင်း မှာ ဒီကိစ္စကြောင့် လို့ အထင်ရှိခဲ့ပါတယ်။

ဒီလို ခွဲစိတ်လိုက်ရင်၊ ခင်ပွန်းသည်က သူမကို တန်းတန်းစွဲပြန်ဖြစ်လိမ့်မယ်လို့ အထင်ရှိခဲ့ပါတယ်။ ဒါနဲ့ ငွေကုန်ကြေးကျ သင့်တင်တဲ့ ခွဲစိတ်မှု(၆)ကြိမ်အထိ သူမ အသက်(၄၄)နှစ်ကတည်းက လုပ်ခဲ့တာပါ။ ဒါပေမယ့် ကံဆိုးစွာပဲ သူမရဲ့ သားအိမ်လမ်းကြောင်းဟာ (၁.၂)စင်တီ အကျယ်သာ ရှိနေပါတော့တယ်။

 

 

သူမဟာ ခင်ပွန်းသည်ကို မစွဲဆောင်နိုင်တဲ့အပြင်၊ သူမရဲ့ ခွဲစိတ်မှုရလဒ်က ဆိုးရွားခဲ့လို့ အခုဆို စိတ်အတော်ညစ်နေပြီး နေ့စဉ်နဲ့အမျှ ငိုကျွေးနေရပါသတဲ့။ ဒီအကြောင်းကို ထိုင်ဝမ် မီးယပ်နဲ့သားဖွားအထူးကုဆရာဝန်တစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြန်လည်မျှဝေခဲ့တာပါ။

အမျိုးသမီးဟာ သားအိမ်လမ်းကြောင်းက အလွန်ကျဉ်းမြောင်းသွားလို့ လမ်းလျှောက်တိုင်း နာကျင်နေပါတယ်။ ဒီနာကျင်မှုဟာ ဆိုင်ကယ်စီးရင် ပိုပြီးဆိုးတတ်ပါသတဲ့။ တစ်ခါတလေ အနီးအနား လေးငါးဆယ်လှမ်းလောက် လမ်းလျှောက်ရင်တောင် နာနေလို့၊ ခင်ပွန်းကို ဖျော်ဖြေဖို့နေနေသာသာ၊ သူမကိုယ်တိုင်တောင် မခံမရပ်နိုင် ဖြစ်နေတာပါ။

အမျိုးသမီးဟာ နောက်ဆုံး ကောက်ရိုးပင်အနေနဲ့ သူ့ဆီကို ရောက်လာတာပါတဲ့။ အမျိုးသမီးရဲ့မျိုးပွားအင်္ဂါကို စစ်ဆေးလိုက်တော့၊ အကြိမ်ကြိမ်ခွဲစိတ်ထားလို့ မသပ်ရပ်တဲ့အမာရွတ်တွေကိုတောင် တွေ့နေရပါတယ်တဲ့။ နောက်ဆုံးစစ်ဆေးချက်အရ ဒီအမျိုးသမီးမှာ နောက်ထပ် ခွဲစိတ်မှုတွေ ပြုလုပ်ဖို့ မသင့်တော်တော့ပါဘူး။

 


 

ဒါကြောင့် အဆိုပါမီးယပ်ဆရာဝန်နဲ့အဖွဲ့ဟာ ခွဲစိတ်ဖို့ မသင့်တော်တဲ့အတွက် ဒီအတိုင်းပဲ သူမ နာကျင်မှု သက်သာစေဖို့ သောက်ဆေးပေးပြီး ပြန်လွှတ်ခဲ့ရပါတယ်။ (၁.၂)စင်တီအကျယ်ဟာ ခဲတံတစ်ချောင်းအတွက်တောင် အဆင်မပြေတဲ့ အခြေအနေမို့၊ ဒီအမျိုးသမီးကတော့ ကံဆိုးလွန်းပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် –D Nae Thit & D Nae Khit

source : WorldOfBuzz

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.