ခင်ပွန်းဖြစ်သူ ရိုက်ပေးထားတဲ့ ကလေးဆန်ဆန် ပုံလှလှလေးတွေကို တင်လိုက်တဲ့ ပိုင်ဖြိုးသု

Posted on

ရယ်​လိုက်​ရင်​ အရမ်းချစ်​စရာ​ကောင်းတဲ့ မင်းသမီး​ချော​လေး ပိုင်​ဖြိုးသုက​တော့ ဝါသနာပါရာ အနုပညာအလုပ်​​တွေလုပ်​ရင်း သာယာတဲ့ အိမ်​​ထောင်​​ရေးကို ပုံ​ဖော်​​နေ​တာပါ။ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဖြိုးသုကတော့ သူမဝါသနာပါရာ အနုပညာကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရသူလေးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုင်ဖြိုးသုက ခင်ပွန်းနဲ့အတူ ခရီးထွက်ရင်း ရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဓါတ်ဖမ်းတာတော်တဲ့ ခင်ပွန်းရဲ့ကင်မရာရိုက်ချက်တွေအောက်မှာ သုသုတစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အမြဲလိုလို ပျော်ပျော်နေတတ်တဲ့ ပိုင်ဖြိုးသုရဲ့အလှပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ပိုင်ဖြိုးသုကတော့ “Life is too short. So, I would rather chase my dreams than the fame & the money 😍📸 – Na Gyi” ဆိုပြီး သူမရဲ့ချစ်စရာကောင်းတဲ့ ခရီးသွားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ပိုင်ဖြိုးသုကတော့ မကြာခဏဆိုသလို ခင်ပွန်းကို ကလေးလို ချွဲတတ်သူလေးမို့ ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေကြရတာပါ။

အကယ်ဒမီရ မင်းသမီးလေးကလည်း တကယ့် ကလေးလေးလိုပဲနော်…။

အနုပညာကို ချစ်မြတ်နိုးကြတာချင်းတူတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီး​မောင်​နှံနှစ်​ဦးက​တော့ ချစ်​ရတဲ့အနုပညာအလုပ်​​တွေလုပ်​ရင်း သာယာ​ပျော်​ရွင်​တဲ့ အိမ်​​ထောင်​မှုဘဝ​လေးကို ဖန်​တီးပုံ​ဖော်​ထားတာပါ။

ဒါရိုက်​တာ ဏကြီး ပုံ​ဖော်​ရိုက်​ကူးထားတဲ့ “မီ” ရုပ်​ရှင်​ဇာတ်​ကားကြီးကလည်း ပရိသတ်​​တွေရဲ့ အား​ပေးနှစ်​ခြိုက်​ခြင်းကို အပြည့်​အဝရရှိခဲ့တဲ့ ဇာတ်​ကား​ကောင်းတစ်​ကားပါ။ချစ်​ပရိသတ်​​တွေလည်း ခရီးထွက်ရင်း​ပျော်​​နေတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.