“ခင်ပွန်းဖြစ်သူရဲ့ အလုပ်ရှိရာ ဘန်ကောက်မှာ နေထိုင်နေရသူ သူမအတွက် အခုချိန်လေးမှာ အမိမြေက အမေ့အိမ်လေးကို လွမ်းကြောင်းရင်ဖွင့်လာတဲ့ အိမ့်ချစ်”

Posted on

ပရိသတ်ကြီးရေ မကြာသေးခင်ကမှ ချစ်သူနဲ့ ရွှေလက်တွဲသွားသူ အဆိုတော်မလေး အိမ့်ချစ်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ အိမ့်ချစ်ကတော့ အသားအညိုစင်လေးနဲ့ ဆွဲဆောင်မှုရှိပြီး အသံပါဝင်အားကောင်းသူ အဆိုတော်မလေးပဲဖြစ်ပါတယ်နော်.။

အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူ ချစ်ကောင်းရဲ့ ခြေရာကို ကောင်းကောင်းလိုက်နိုင်ပြီး လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်.။ လက်မထပ်ခင်အချိန်ထိ ချစ်သူရှိကြောင်းကို ပြောပြထားခြင်းမျိုးမရှိဘဲ သိုသိပ်စွာ နေတတ်သူ အိမ့်ချစ်ဟာ ပဲရစ်မျှော်စင်ရှေ့မှာ ချစ်သူဆီက လက်ထပ်ခွင့်တောင်းတဲ့ ပိုစ့်ကို တင်လာချိန်မှာတော့ ပရိသတ်တွေအတွက် အံအားတသင့်ဖြစ်ခဲ့ရတာပါ.။

နှစ်ဖက်မိဘများရှေ့မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်လိုက်တဲ့ အိမ့်ချစ်ကတော့ လက်ရှိမှာ အမိမြေနဲ့ဝေးရာဖြစ်တဲ့ ခင်ပွန်းဖြစ်သူ အလုပ်ရှိရာ ဘန်ကောက်ကို ရောက်ရှိနေတာပါ.။ ခင်ပွန်းဖြစ်သူရဲ့ အလုပ်ရှိရာဆီမို့ သွားရောက်နေထိုင်ရပေမယ့် အမိမြေက အမေ့အိမ်လေးကို လွမ်းနေတဲ့အကြောင်းလေးကို “ငါဟာအိမ်ကို လွမ်းနေသူ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

အိမ်ထောင်ဖြစ်သွားသူ အိမ့်ချစ်တစ်ယောက် လက်ရှိမှာ အမေ့အိမ်လေးကို လွမ်းနေတဲ့အကြောင်းလေးကို ရေးတင်ကာ ခံစားချက်လေးတွေကို ဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်နော်…။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Eint Chit’s Facbook

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.