ခင်ပွန်းသည်ရဲ့ အသံဆိုးနဲ့သီချင်းဆိုတာကို လက်တွဲခဲ့တဲ့ တောက်လျှောက် ပထမဆုံး ကြားဖူးတာ ဆိုတဲ့ ရွှေမှုံရတီ

တေးသီချင်းကောင်းများကို ဖန်တီးတတ်သလို mood အပြည့်နဲ့ သီဆိုတတ်တဲ့ ရွှေထူးကို လူကြီးလူငယ်မရွေး တခဲနက်အားပေးဝန်းရံကြပါတယ်။ ကောင်းမွန်တဲ့ အသံကောင်းကိုသာ ပရိသတ်များက နားဆင်ရပေမယ့် သူနဲ့အတူ ဘ၀ခရီးလမ်းကို လက်တွဲလျှောက်လှမ်းနေတဲ့ ရွှေမှုံကတော့ ရွှေထူးရဲ့ အသံဆိုးနဲ့ သီချင်းဆိုတဲ့ အသံကို ပထမဆုံး ကြားဖူးခဲ့ပြီ ဖြစ်ပါတယ်။

Photo : Shwe Mhone Yati

ရွှေမှုံက ခင်ပွန်းသည်ရဲ့ အသံဆိုးနဲ့ သီချင်းဆိုတာကို လက်တွဲလာတဲ့ တောက်လျှောက် ဒါပထမဦးဆုံး ကြားဖူးတာလို့ ဆိုပါတယ်။

“ကိုရွှေထူး အသံဆိုးနဲ့ သီချင်းဆို တာကြားဖူး ဒါပထမဆုံးပဲ 😟😟😁😁 so funny” ဆိုပြီး သဘောတွေ ကျနေတာ ဖြစ်ပါတယ်။

Photo : Shwe Mhone Yati

ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကို ဘယ်အချိန်ကြည့်ကြည့် ပျော်ရွှင်ကြည်နူးနေတာဖြစ်လို့ မြင်သူတိုင်းကို သဘောကျနှစ်သက်စေခဲ့ပါတယ်။ သူတို့နှစ်ဦးက အနုပညာနယ်ပယ်မတူညီခဲ့ကြပေမယ့် တစ်ဦးနဲ့တစ်ဦး အနုပညာလေးများ မျှဝေကြတာကြောင့် ရွှေမှုံဆိုရင် အဆိုတော်ဖြစ်လာခဲ့သလို ရွှေထူးဆိုရင် နာမည်ကျော် သရုပ်ဆောင် တစ်ဦး ဖြစ်လို့လာခဲ့ပါပြီ။

Photo : Shwe Mhone Yati

ရွှေနှစ်ရွှေတို့က ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ “ဧည့်သည်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အတူတွဲပြီး ရုပ်ရှင်ရိုက်ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ (၂၀၁၈) ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့ နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး (၂၀၁၈) ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့မှာတော့ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။  နိုဝင်ဘာလ (၁၁) ရက်နေ့မှာတော့ အင်းလျားလိတ်ဟိုတယ်မှာ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခက်အခဲနဲ့ ဝေဖန်တိုက်ခိုက်မှုများစွာကို အံတုကာ ရွှေလက်တွဲခဲ့ကြတာ ဇွန် (၁၁) ရက်နေ့က မင်္ဂလာသက်တမ်း (၇) လပြည့်သွားခဲ့တာ ဖြစ်ပါတယ်။

Photo : Shwe Mhone Yati

Source :  Shwe Mhone Yati FB

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.