ခင်ပွန်းသည်ရဲ့ ဂရုစိုက်မှုကိုကြည့်ရင်း သဘောကျကျေနပ်နေတဲ့ ပိုင်ဖြိုးသု

ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ အနုပညာကို ချစ်မြတ်နိုးကြတာခြင်း တူသူတွေမို့ ဝါသနာပါရာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူ လျှောက်လှမ်းနေကြတာပါ။

 

 

မကြာသေးခင်က လက်ထပ်ပွဲကို ကြီးကျယ် ခန်းနားစွာ ဆင်နွှဲခဲ့တာပါ။ဒါရိုက်တာနဲ့ မင်းသမီးစုံတွဲလေးကတော့ အရမ်းကို လိုက်ဖက်ညီပြီး ချစ်စရာကောင်းလွန်းတာမို့ ပရိသတ်တွေကလည်း အချစ်ပိုနေကြရတာပါနော်။

 

 

ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် ပိုင်ဖြိုးသုက ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက်မှုကိုကြည့်ရင်း သဘောကျနေတဲ့ အကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

 

ပိုင်ဖြိုးသုက ဒီကနေ့မှာ ” Betadine Feminine Wash မိတ်ဆက်ပွဲအခမ်းအနား ???? ” ကို ချစ်ရသူတွေနဲ့အတူ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

 

ထိုပွဲကို တက်ရောက်လာခဲ့တဲ့ သူမကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ သွားရောက်ခဲ့ရပေမယ့်လည်း အပို့ အကြိုတာ လုပ်ပေးခဲ့တဲ့ ခင်ပွန်းသည်ရဲ့အကြောင်းကို ပြောပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

 

 

ပိုင်ဖြိုးသုက ” ဝတုတ်လူဆိုးက ဒီပွဲလေးတက်ဖို့တစ်ရက်တည်း ရန်ကုန်ပြန်လာတာ ပြီးတာနဲ့ကားရိုက်နဲ့နယ်ပြန်သွားရမှာမို့ ပွဲအတူလိုက်တက်ပေးပါဆိုတာကိုမလိုက်ဖူး လိုက်ပို့ပေးမယ် လာကြိုမယ် ပွဲတက်နေတဲ့အချိန်သူက ကော်ဖီဆိုင်ထိုင်စာရေးရင်းစောင့်မယ်တဲ့လေ မသိရင် ကလေးကျောင်းပို့် ကျောင်းကြိုတာကျနေတာပဲ ဦးရေခဲလူ့ဂွစာကြီး ???? ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

 

 

ပိုဖြိုးသုက Betadine Feminine Wash မိတ်ဆက်ပွဲအခမ်းအနား ကို မိခင်ကြီးနဲ့အတူ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

 

သရုပ်ဆောင် ပိုင်ဖြိုးသု တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ ခင်ပွန်းဖြစ်သူရဲ့ အလိုလိုက်ပုံကိုကြည့်ရင်း ကလေးတစ်ယောက်လိုဖြစ်နေတဲ့ ပိုငိဖြိုးသုကို ချစ်တယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.