Video Source : mizzia
Credit – swelsonenews
Unicode
တစ်နိုင်ငံလုံးက ပြည်သူတွေ စိတ်ဝင်စားစွာ စောင့်ကြည့်နေတဲ့ နေပြည်တော် မူကြိုကျောင်းမှ သက်ငယ်မုဒိမ်းမှုရဲ့ စစ်ဆေးချက်က ဒီနေ့မှာတော့ အဖြေထွကိရှိလာပါပြီ။ သုံးနှစ်အရွယ်သမီးလေးကို ရက်ရက်စက်စက် အညွှန့်ချိုးခဲ့သူကတော့ မူကြိုကျောင်းမှ ကျောင်းကားမောင်းတဲ့ ယာဉ်မောင်း အောင်ကျော်မျိုး(ခ) အောင်ကြီး ဆိုသူပဲ ဖြစ်ပါတယ်။ း ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိက တရားခံဟာ အောင်ကြီးလို့ ထုတ်ဖော်ပြောကြားပေမယ့် ပြည်သူတစ်ရပ်လုံးက ထိုတရားခံအပေါ်၊ စစ်ဆေးချက်တွေအပေါ် ကျေနပ်မှုမရှိကြပါဘူး။
နေပြည်တော်က Wisdom Hill မူကြိုကျောင်းအမှုမှာ သံသယတရားခံအဖြစ် ဖမ်းဆီးခံထားရသူ အောင်ကျော်မျိုး(ခ)အောင်ကြီး၏ ဖခင်ဖြစ်သူနှင့် အင်တာဗျူး အပြည့်အစုံကို ဆက်လက် တင်ဆက်သွားမည့်အကြောင်း ပရိတ်သတ်များကို ကြိုတင် အသိပေးအပ်ပါတယ်။
Victoria လေးရဲ့ အမှုကတော့ ပြည်သူတွေအတွက် ကျေနပ်စရာ မရှိခဲ့ပါဘူး။ Victoria အတွက် အနယ်နယ်အရပ်ရပ်က ပြည်သူတွေကလည်း ငြိမ်းချမ်းစွာဆန္ဒပြကြမယ်လို့လည်း သိရပါတယ်။ Victoria လေးရဲ့ အမှုအတွက် တရားခံအစစ် အမြန်ဆုံး ပေါ်ပေါက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Video Source : mizzia
Credit – swelsonenews