ကွာရှင်းပြတ်စဲ ပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်ထွက်ပေါ်လာတဲ့ ဆောင်းဟေကို ရဲ့ ပွဲတက်ပုံရိပ်လေးများ

Posted on

အာရှ ရဲ့ နတ်မိမယ် လို့ တောင် သတ်မှတ်ခံထားရတဲ့ မင်းသမီးချော ဆောင်းဟေကို ကတော့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် အမြဲကို လှပကျော့ရှင်းနေသူလေးပါ။ အိမ်ထောင်ရေး ကံမ ကောင်းခဲ့ပေမယ့်လည်း ကိုရီးယားမှာ တင်မကပဲ ကမ္ဘာတစ်ဝန်း မှာပါ သူမကို ချစ်ခင် အားပေးတဲ့ ပရိသတ်တွေ အများကြီးကို ပိုင်ဆိုင် ထားသူလေးပါ။ Monaco မှာ ကျင်းပပြုလုပ်တဲ့ လက်ဝတ်ရတနာပွဲကို တက်ရောက်ခဲ့တဲ့ ဆောင်းဟေကိုရဲ့ နောက်ထပ် ပုံအသစ် လေး တွေ ထွက် လာပါတယ်။

ဇူလိုင် (၂၅)ရက်နေ့က W Korea ရဲ့ official home page မှာ ပုံအသစ်တွေ တင်ခဲ့ပါတယ်။ ဆောင်းဟေကိုက ဒီပွဲကို Asia’s Ambassador အဖြစ် နဲ့ တက်ရောက် ခဲ့တာပါ။ ပုံထဲမှာတော့ သူမ ရဲ့ လှပ ကျော့ရှင်းတဲ့ အလှ ကို အထင်းသားတွေ့ရမှာပါ။ ဒီပွဲမှာတော့ ဆောင်းဟေကို ဟာ တခြားနာမည်ကြီး ဆယ်လီတွေ အများကြီး နဲ့ လည်း တွေ့ ဆုံဖြစ်ခဲ့ပါတယ်။ LVMH Group ရဲ့ CEO Antoine Arnault နဲ့ Chaumet ရဲ့ CEO Jean-Marc Mansvelt တို့နဲ့လည်း တွေ့ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

လိမ်းထားတဲ့ မိတ်ကပ် ကတော့ smoky makeup ပါ။ လှပတဲ့ လက်ဝတ်ရတနာနဲ့ သူမဆင်မြန်းထားတဲ့ အဖြူရောင် ၀တ်စုံလေးက တော်တော်လေးကို လိုက်ဖက် လှပတာကို တွေ့ရပါတယ်။ သူမနဲ့ ဆောင်ဂျွန်ကီ ကတော့ တရားဝင် ကွာရှင်းပြတ်စဲခဲ့ပြီးပါပြီ။ ဆောင်းးဟေကို ကွာရှင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းမှား ဖြန့် ဝေသူတွေကို တရားဥပဒေနဲ့ အညီ တုံ့ပြန် ဖြေရှင်းသွား မယ်လို့ သူမရဲ့ အေဂျင်စီ UAA က ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ကားသစ် အတွက် လည်း ဆွေးနွေးပြောဆို မှုတွေ လုပ်နေတယ်လို့ UAA က ပြောပါတယ်။

Source; auntymay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.