ကွာရှင်းမည်ဟု သတင်းထွက်ပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရိသတ်အရှေ့ကို ပြန်လည်ထွက်ပေါ်လာ တော့ မယ့် Song Hye Kyo

Posted on

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Song Hye Kyo ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ Song Joong Ki နဲ့ ကွာရှင်းတော့မယ်ဆိုတာကို ပရိသတ်တွေအားလုံးသိထားပြီးသား ဖြစ်မှာပါ။

အိမ်ထောင်သက်တမ်း ၂ နှစ်ပတ်ဝန်းကျင်မျှသာ ကြာမြင့်လိုက်တဲ့ သူတို့စုံတွဲဟာ လက်ထပ်ချိန်တုန်းကလည်း ပရိသတ်တွေကို အံ့သြ၀မ်းသာဖြစ်စေခဲ့သလို ကွာရှင်းတော့မယ်လို့ ကြေညာလိုက်တဲ့အခါမှာလည်း ပရိသတ်ပေါင်းများစွာကို အကြီးကြီးရှော့ခ်ရစေခဲ့ပါတယ်။

ကွာရှင်းဖို့အတွက်ကိုတော့ Song Joong Ki က ဦးစွာလျှောက်ထားခဲ့တာဖြစ်ပြီး Song Hye Kyo ကတော့ ထိုင်းနိုင်ငံမှာ ဓာတ်ပုံရိုက်ကူးရေးအတွက်ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကွာရှင်းမယ့်သတင်းကို တွေ့မြင်ပြီးချိန်မှာ တောင်ကိုရီးယားကို အပြေးပြန်ခဲ့တဲ့ Song Hye Kyo ဟာ ထိုအချိန်ကတည်းက ပရိသတ်တွေရဲ့ မြင်ကွင်းရှေ့ကနေ ပျောက်ကွယ်နေခဲ့တာကြောင့် ပရိသတ်တွေမှာ သူတို့ချစ်တဲ့ မင်းသမီးကို စိတ်ပူနေခဲ့ကြပါတယ်။

ဒါပေမယ့် စိတ်ဓာတ်မာကြောသူဖြစ်တယ်လို့ နာမည်ကြီးတဲ့ Song Hye Kyo ကတော့ မိန်းမသားတစ်ယောက်အနေနဲ့ ခက်ခဲတဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့အချိန်မှာတောင်မှ သူမ လုပ်စရာရှိတဲ့အလုပ်ကို ပရော်ဖက်ရှင်နယ်ပီသစွာ ပြီးသတ်အောင်လုပ်ဆောင်ပေးမယ့်ပုံပါပဲ။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရကတော့ သူမဟာ ဇူလိုင်လ ၆ ရက်နေ့ တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် အလှကုန်အမှတ်တံဆိပ်တစ်ခုရဲ့ပွဲအခမ်အနားတစ်ခုကို တက်ရောက်မယ်လို့ သိရပါတယ်။ သူမတက်ရောက်မယ်ဆိုတဲ့အကြောင်းကိုလည်း အဆိုပါအမှတ်တံဆိပ်က သူတို့ရဲ့ Weibo စာမျက်နှာအထက်မှာ တရားဝင်ကြေညာထားခဲ့ပါတယ်။

သို့ပေမယ့်လည်း ထိုကြေညာထားတဲ့ ပို့စ်ကိုတော့ ခဏအကြာမှာဖျက်လိုက်ပြီး သတင်းတစ်ခုကို ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ “Song Hye Kyo အနေနဲ့ ပွဲကိုတက်ရောက်မယ်ဆိုတာကတော့ ပြောင်းလဲခြင်းမရှိပါဘူး။ ဒါပေမယ့် ပွဲကျင်းပမယ့်ရက်နဲ့ အချိန်ကိုတော့ အတိအကျကြေညာလို့ မရသေးပါဘူး” လို့ဆိုကာ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

Song Hye Kyo ဟာ ထိုအလှကုန်အမှတ်တံဆိပ်ရဲ့ မော်ဒယ်အဖြစ်နဲ့ ရွေးချယ်ခံခဲ့ရတာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းကဖြစ်ပြီး ဆိုးလ်မှာပြလုပ်ခဲ့တဲ့ အမှတ်တံဆိပ်နဲ့ ပတ်သတ်တဲ့ နောက်ဆုံးအခမ်းအနားတစ်ခုကိုတော့ ပြီးခဲ့တဲ့ မေလတုန်းကပဲ တက်ရောက်ခဲ့ပါသေးတယ်။

Song Joong Ki ဟာ ဇနီးဖြစ်သူ Song Hye Kyo နဲ့ ကွာရှင်းဖို့အတွက်ကို ဇွန်လ ၂၆ ရက်နေ့မှာ လျှောက်ထားခဲ့ပြီး မီဒီယာတွေနဲ့ ပရိသတ်တွေကိုတော့ လျှောက်ထားပြီးနောက်တစ်နေ့ ဇွန်လ ၂၇ ရက်နေ့မှာ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ Song Hye Kyo အနေနဲ့ အခုလိုမျိုး ပွဲအခမ်းအနားတွေတက်ရောက်ပြီး ပရိသတ်တွေအရှေ့ကို ပြန်လည်ထွက်ပေါ်လာဖို့ရှိတယ်ဆိုပေမယ့်လည်း Song Joong Ki ကတော့ ပွဲအခမ်းအနားတက်ရောက်တာမျိုးတွေကို အချိန်တစ်ခုလောက်ရပ်နားထားမယ်လို့ ကြေညာထားပါတယ်။

Ref : Allkpop

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.