ကွာရှင်းတဲ့သတင်းထွက်ပြီးနောက် ပထမဆုံးပြန်လည်တွေ့မြင်ရတဲ့ Song Joong Ki

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Song Joong Ki ဟာ ဇနီးဖြစ်သူ မင်းသမီး Song Hye Kyo နဲ့ ကွာရှင်းတော့မယ်ဆိုတဲ့အကြောင်းကို ပရိသတ်တွေအားလုံး သိထားပြီးဖြစ်မှာပါ။

၂ ဦးသားဟာ စိတ်သဘောထားချင်းတိုက်ဆိုင်မှုတွေမရှိတာကြောင့် သူတို့ရဲ့ အိမ်ထောင်ရေးကို အခုလို အိမ်ထောင်သက်တမ်း ၂ နှစ်နီးပါးကာလမှာ အဆုံးသတ်ရတာဖြစ်ကြောင်းကို ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

 

ဒီလိုမျိုး ကြေညာထားခဲ့ပြီးနောက်မှာတော့ Song Joong Ki ဟာ သူ့အနေနဲ့ ပွဲအခမ်းအနားတက်ရောက်တာမျိုးတွေကို ခေတ္တရပ်နားထားမယ်လို့ ကြေညာလိုက်ပါတယ်။

အဲဒီအခါမှာတော့ ပရိသတ်တွေက Song Joong Ki တစ်ယောက် ရိုက်ကူးရေးတွေရပ်နားလိုက်ပြီလားလို့ဆိုကာ မေးခွန်းတွေထုတ် အထင်မှားခဲ့ကြပါတယ်။

 

တကယ်တော့ Song Joong Ki ရပ်နားထားတယ်ဆိုတာက ပွဲအခမ်းအနားတွေတက်ရောက်တာမျိုးပဲဖြစ်ပြီး ဇာတ်ကားရိုက်ကူးရေးတွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အခုဆိုရင် Song Joong Ki ဟာ သူလက်ခံထားတဲ့ ‘Victory’ ဆိုတဲ့ ရုပ်ရှင်ကားကို ဒီနေ့စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။

 

ဒါဟာ ကွာရှင်းတဲ့သတင်းထွက်ပြီးနောက် ပထမဆုံးအကြိမ် Song Joong Ki ကို ပရိသတ်တွေအနေနဲ့ ပြန်လည်မြင်တွေ့ရခြင်းပဲ ဖြစ်ပါတယ်။ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့အတူ တွဲဖက်ရိုက်ကူုးထားတဲ့ ဒီပုံလေးမှာ မြင်တွေ့နေရတဲ့ Song Joong Ki ရဲ့ ပုံရိပ်က ထင်ထားတာထက် ပိုမိုအဆင်ပြေနေတယ်လို့ မြင်တွေ့ရပေမယ့်လည်း တချို့ပရိသတ်တွေကတော့ အဆင်ပြေဟန်ဆောင်ထားတဲ့ပုံစံမျိုးကို မြင်တွေ့ရတယ်လို့ ဆိုကြပါတယ်။

 

ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်ကို အထိခိုက်မခံတဲ့ Song Joong Ki ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကတော့ တကယ်ကို လေးစားစရာကောင်းတယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။

creit — momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.