မြန်မာနိုင်ငံမှာ ပရိတ်သတ်အများဆုံး အနုပညာရှင်တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ အနညာရှင် တစ်ယောက်ပါ။
တစ်ခေတ်တစ်ခါက ကြော်ငြာတိုင်း Video ဇာတ်ကားတိုင်းမှာ သူမပါဝင်ခဲ့သလို အဆိုပါချိန်တုန်းက ပရိသတ်တွေအသည်းစွဲ ချစ်ခင်ရသူလေးပဲ ဖြစ်ပါတယ်။
ပွင့်လင်းရိုးရှင်းစွာ နေထိုင်တတ် ပုံလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေပြီး သူမကတော့ အနုပညာလောကနဲ့ အနည်းငယ်ကင်းကွာနေခဲ့ပါတယ်။
မနေ့ကတော့ ထက်ထက်မိုးဦးရဲ့ မွေးနေ့လေးဖြစ်ပြီး ထက်ထက်မိုးဦးကတော့ အနေပညာအလုပ်တွေအတူတွဲလုပ်ခဲ့တဲ့ ကွယ်လွန်သူ ဒွေးကို မမေ့သေးပါဘူးဆိုပြီး လူမှုကွန်ယက်ထက် ရေးသားထားခဲ့ပါတယ်။
သူမကတော့ ” အစ်ကို” က ခုနစ်ရက်နေ့ “တို့” က ရှစ်ရက်နေ့ တကယ်မမေ့ဘူးအရင်တိုင်းပဲ ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။ အနပညာ ညီအကိုမောင်နှမတွေ ဖြစ်ကြတဲ့
ဒွေးနဲ့ ထက်ထက်မိုးဦးကတော့ မွေးနေ့ တစ်ရက်သာကွာတာဖြစ်ပြီး ဒွေးရဲ့ မွေးနေ့ကတော့ 7 ရက်နေ့ကပဲဖြစ်ပြီး ထက်ထက်မိုးဦးကတော့ ၈ရက်နေ့ပဲ ဖြစ်ပါတယ်။
Source;Ginger