ကွယ်လွန်သူမိခင်ကြီးအတွက် ရည်စူးပြီး ကိုဗစ်ကာကွယ်ရေးရုံး၊ မိဘမဲဂေဟာနဲ့ ဘုန်းကြီးကျောင်းတို့မှာ အလှူအတန်းတွေများစွာ ပြုလုပ်ခဲ့တဲ့ ဆုမြတ်နိုးဦး

Posted on





Unicode

မျက်လုံးမှေးမှေးလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဆုမြတ်နိုးဦးက လူလေးလှသလို ပျော်ပျော်နေတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးက ပြီးခဲ့တဲ့ မေလ (၃) ရက်နေ့ကပဲ သူမရဲ့မိခင်ကို ဆုံးရှုံးလိုက်ရတာဖြစ်ပြီး သူမရဲ့ လက်ရှိဘဝကို မိခင်ဖြစ်သူ နောက်ဆံမတင်းရအောင် အကောင်းဆုံး ကြိုးစားနေထိုင်နေသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးကတော့ လက်ရှိမှာ သူမရဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း သွားလေသူမိခင်ကြီးအတွက် အလှူအတန်းတွေများစွာကို ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာ အလုပ်တွေများစွာကို လက်မလည်အောင်လုပ်ကိုင်နေတဲ့ ဆုမြတ်နိုးဦါ်က ဒီကနေ့ အားလပ်ရက်လေးမှာ သွားလေသူမေမေ့အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ ဆုမြတ်နိုးဦးက “သန်လျင်ကိုဗစ်ကာကွယ်ရေးရုံး ၊မိဘမဲ့ကလေးများဂေဟာ နဲ့ စက်ပစ်ကွင်းဘုန်းဘုန်းကြီးကို ကထိန်သင်္ကန်းကပ်လှူခဲ့ပါတယ် ။ေ မမေအတွက်ရည်စူးပီး ပြုလုပ်တဲ့ကုသိုလ်အဖို့ကို အမျှပေးဝေပါတယ် .. ရရှိခံစားနိုင်ပါစေ 🙏🏼🙏🏼🙏🏼” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

ဆုမြတ်နိုးဦးကတော့ သူမရရှိတဲ့ အနုပညာကြေးလေးတွေကို စုဆောင်းပြီး ကောင်းမှုကုသိုလ်လေးတစ်ခု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးရဲ့ မေမေလည်း သမီးလေးရဲ့ ကုသိုလ်အစုစုကို ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနေမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Hsu Myat Noe Oo’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.