ကျိုက်ထီးရိုးတောင်ဝန်းကျင်က ကိုယ့်ဝမ်းကိုရှာစားနေရတဲ့ လမ်းပြခွေးလေး

ဒီနေ့ ကျိုက်ထီးရိုးဘုရားက ပြန်ဆင်းတော့အတွေ့အကြုံအသစ်ဆိုပြီး ရသေ့တောင်ထိလမ်းလျှောက်ဆင်းကြယ်ဘုရားရင်ပြင်တော်ပေါ်ကနေဆင်းလူဆင်းလမ်းအတိုင်းဆင်းလာတော့ဘေးက ခွေးတစ်ကောင်ဖြတ်ပြေးသွားတာတွေ့လိုက်တယ် ဒီအတိုင်းသာမန်ပဲထင်တာ

 

 

ရှေ့ရောက်တော့ ထပ်တွေ့တယ်
မှတ်မှတ်ရရဆိုတော့ ခုနက ဖြတ်ပြေးသွားတဲ့
ခွေးမှန်းတော့သိတဟ် ဒါပင်မဲ့သတိမထား
မိသေးဘူးဆက်ဆင်းတယ် ဆင်းနေရင်းနဲ့
အဲ့ခွေးလေးကရှေ့ကပေါ်လာပြန်ရော
သုံးလေးခါလောက်တွေ့မိတော့
သတိထားမိလာတယ် ဟေ့ရောင်တွေ
ဒီကောင်ငါတို့ ကိုလမ်းပြနေတာဟလို့ 
တကယ်လဲဟုတ်တယ်

 

 

သူကရှေ့ကပြေးသွားလိုက်
ကိုယ်တွေက ဓတ်ပုံတွေဘာတွေရိုက်လို့ 
ကြာနေရင် စောင့်နေတာ နောက်ပိုင်း
ပိုသတိထားမိတာက လမ်းတောက်လျှောက်က
ခွေးတွေနဲ့ဘော်ဒါဖြစ်နေတာပဲ

 

 

လမ်းကြောင်းကလဲကျွမ်းတယ်
လမ်းပိုတိုတဲ့ ဖြတ်လမ်းလေးတွေကသွားတာ
အဲ့လို မျိုးကြလို့ ရှိရင်လဲ သူဘာသာသူ
ဆင်းမသွားဘူးနောက်ကကိုယ်တွေအလာကို
စောင့်ပြီးမှ ဖြတ်လမ်းကနေဆင်းပြတာ

 

 

ကိုယ်တွေလဲအောက်ရောက်ရင်မုန့် ဝယ်ကျွေးရမယ်ဆိုပြီးတိုင်ပင်ထားကြမိတယ်ဆင်းပြီးရသေ့တောင်လဲရောက်ကောဆရာသမားကစောင့်နေတယ်အဲ့တာ ကိုယ်တွေထဲကတစ်ယောက်ကိုဟေ့ရောင်အဲ့ကေင်ကို မုန့် သွားဝယ်ကျွေး
လိုက်အုံးဆိုတော့ သူကရှေ့ကနေဦးအောင်ပြေးတာမုန့် ဆိုင်ကိုပြေးတာပြေးပြီးမုန့် ဆိုင်ထဲကမုန့် တွေမော့ကြည့်လိုက်
သူ့ ဝယ်ကျွေးမဲ့သူကို လှမ်းကြည့်လိုက်အမှီးလေးနှံ့လိုက်နဲ့အဲ့တော့မှပဲပိုသေချာသွားတော့တယ် ဒီကောင် ဒါလုပ်နေကြအလုပ်ဆိုတာ

 

 

ဘုရားဖူးလာတဲ့ သူတွေခြေလျှင်ဆင်းရင်လိုက်ပို့ ပြီးသူ့ ဝမ်းသူကြောင်းနေတဲ့ခွေးလေး မယုံရင်ကျိုက်ထီးရိုးရောက်ရသေ့တောင်ထိခြေလျှင်ဆင်းကြည့်ကြည့်ဗျနာရီဝက်လောက်ပဲ ဆင်းရတာဘုရားဖူးရာသီဆိုရင်တော့ သူလဲလမ်းပြအလုပ်ပိုအလုပ်ဖြစ်မယ်ထင်တယ်

အခုချိန်ကတော့ လူပါးသေးတော့
တွေ့နှိုင်တယ်

နတ်ဆိုး ( မိတ်အင်ဗားမား )

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.