ချစ်စရာကောင်းပြီး ရိုးသားဖြူစင်လွန်းတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ သူမရဲ့ တက်ကြွတဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်လာသူတစ်ယောက် ဖြစ်ပါတယ်။ ဖြူဖြူထွေးက အခုဆိုရင် ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးရတဲ့အပြင် နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ နိုင်ငံကျော်သရုပ်ဆောင်တွေနဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်နိုင်တဲ့အထိ အောင်မြင်မှုရရှိလာတာပဲ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ကြော်ငြာတွေကို ရိုက်ကူးနေရတဲ့ ဖြူဖြူထွေးက သူမကိုအားပေးနေကြတဲ့ ပရိသတ်တွေနဲ့လည်း အဆက်အသွယ်ပြတ်တောက်သွားခြင်းမရှိအောင် ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကို အမြဲတမ်းလိုလိုချပြပေးနေတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း ဖြူဖြူထွေ းက သူမရဲ့ ကြော်ငြာရိုက်ကွင်းပေါ်က အလွဲလေးတွေကို ချပြရင်း သရုပ်ဆောင်တစ်ယောက်ပီပီ အရှက်ကို ဘေးချိတ်ပြီး ကျရာဇာတ်ရုပ်အတိုင်း မရှက်မကြောက်နေပဲ အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့ကြောင်းကို ဗီဒီယိုလေးနဲ့တကွ တင်ဆက် ပြသလာပါ တယ်။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ ရိုက်ကွင်းနောက်ကွယ်က ရယ်စရာအမှတ်တရလေးတွေကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။
ဖြူဖြူထွေးကတော့ သရုပ်ဆောင်မျိုးရိုးမရှိပေမယ့် သူမရဲ့ ထူးခြားတဲ့ ပင်ကိုယ်ပါရမီကြောင့် အခုဆိုရင် အောင်မြင်တဲ့နေရာ တစ်နေရာကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ရိုက်ကွင် းပေါ်ကို အမှန်တကယ်ရောက်ရှိသွားသလို ခံစားနေရမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Phyu Phyu Htwe’s fb
zawgyi