ကျပ်သိန်း ၅၀၀၀ အကုန်ကျခံ တည်ဆောက်ထားတဲ့ ခမ်းနားလှတဲ့ အိမ် အသစ်ကြီး အတွက် အိမ်သစ်တက်ပွဲကို ကျင်းပလိုက်ပြီဖြစ်တဲ့ ပိုပို

Posted on

သီချင်း​တွေကို ကိုယ်​ပိုင်​ခံစားချက်​နဲ့ ဖန်​တီးပြီး Mood အပြည့်​နဲ့ သီဆို​လေ့ရှိတာ​ကြောင့်​ ပရိသတ်​​တွေရဲ့ချစ်​ခင်​အား​ပေးမှုကို အပြည့်​အဝရရှိထားတဲ့ အဆို​တော်​ ပိုပိုက​တော့ ပရိသတ်​​တွေအတွက်​ အမိုက်​စားသီချင်း​တွေကိုလည်း ဖန်​တီး​နေသူတစ်​ဦးပါ။

ခြွေတာစု​ဆောင်းတတ်​လွန်းတဲ့ ပိုပိုက​တော့ ယခုဆိုရင်​ ခမ်းနားလှတဲ့ အိမ်​အသစ်​ကြီးကို ကိုယ်​ပိုင်​ဝင်​​ငွေနဲ့ တည်​​ဆောက်​နိုင်​ခဲ့ပြီပဲ ဖြစ်​ပါတယ်​။ ခမ်းနားလှတဲ့ ကျပ်သိန်း(၅)ထောင်တန် အိမ်တက်ပွဲကြီးကိုတော့ ဇူလှိုင်လ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ပိုပိုရဲ့ အိမ်တက်ပွဲကြီးကို အနုပညာရှင်တွေ အဆိုရှင်တွေများစွာက တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ မြင်လိုက်တာနဲ့ Wow ဆိုပြီး ဖြစ်သွားစေမယ့် ပိုပိုရဲ့ အိမ်ကြီးကတော့ အရမ်းလန်းပြီး အရမ်းကို မိုက်နေတာပါနော်။ မြင်သူတိုင်း အားကျသွားစေနိုင်လောက်တဲ့ ပိုပိုရဲ့ အိမ်သစ်ကြီးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုပိုကတော့ အိမ်မက်ထဲကအတိုင်း ခမ်းနားလှတဲ့အိမ်ကြီးကို ပုံဖော်အကောင်အထည်ဖော်နိုင်ခဲ့လို့ အရမ်းကို ပျော်နေတာပါနော်။ အိမ်မက်တွေအကောင်အထည်ဖော်နိုင်ခဲ့လို့ အရင်ဆုံးသတိရမိတဲ့သူက အဖွားဆိုပြီး အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပါသေးတယ်။

လုပ်အားခတွေနဲ့ ကျပ်သိန်း (၅) ထောင်တန် အိမ်ကြီး ဆောက်နိုင်ခဲ့တဲ့ ပိုပိုကတော့ ကိုယ်ဘယ်လောက်ဖြူစင်လဲ ကိုယ့်ကိုယ်ကိုယ်သိပါတယ်၊ ဘယ်သူ့အားကိုးနဲ့မှ ရခဲ့တာမဟုတ်ဘူး နောက်နှစ်နှစ်လောက်နေရင် ပိုက်ဆံစုပြီး ပြိုင်ကားဝယ်မယ် ဆိုပြီးလည်း ပြောကြားထားပါသေးတယ်။

အဆို​တော်​ ပိုပိုရဲ့ ဘုရားအ​နေကဇာတင်​ ၊ အိမ်​သစ်​တက်​ ၊ ၀ါဆိုသင်္ကန်းကပ်​နဲ့ Million Dreams Studio ဖွင့်​ပွဲအခမ်း အနားမှာ ပိုပို က သူမရဲ့ အိမ်အကြောင်းကို ယခုလို ဖြေကြားခဲ့ပါတယ်။ အိမ်က သုံးထပ်ပါ။ အောက်ဆုံးထပ်မှာက စတူဒီယိုဖွင့်ထားတယ်။ ပထမထပ်မှာက ဧည့်ခန်းတွေဘာတွေရှိတယ်။ အပေါ်ဆုံးတစ်ထပ်လုံးမှာက ပိုပိုနေမယ်” ဆိုပြီးတော့ အိမ်သစ်တက်ပွဲမှာ သုံးထပ်အိမ်ကြီးအကြောင်း ပြောပြလာခဲ့ပါသေးတယ်။

ကြီးကျယ်ခန်းနားတဲ့ ပိုပိုရဲ့ အိမ်ကြီးကိုကြည့်ပြီး ပရိသတ်တွေ သဘောကျ ကြိုက်နှစ်သက်မိမယ်လို့ ထင်ပါတယ်။ ငယ်စဉ်ကတည်းက အဖွားနဲ့အတူနေလာခဲ့တဲ့ ပိုပိုကတော့ အဖွားဆုံးပြီးနောက်ပိုင်းမှာ ကိုယ့်ဘဝနဲ့ကိုယ်အကောင်းဆုံး တည်ဆောက်လာနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။

ဘဝမှာဖြစ်ချင်တာကိုဦးတည်ပြီး အောင်မြင်မှုတွေကို ရရှိအောင်ကြိုးစားလာနိုင်ခဲ့တဲ့ ပိုပိုအတွက် ဂုဏ်ယူလေးစားမိတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.