ကျန်းမာ​ရေးချို့တဲ့​မှုကြောင့် ဆေးကုသမှုခံယူနေရတဲ့ သရုပ်​​ဆောင်​ ဦးမိုးဒီကို အလှူ​ငွေ​​ပေးအပ်​ခဲ့တဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး

ပရိသတ်တွေချစ်ကြတဲ့ လူရွှင်တော်၊ ဟာသသရုပ်ဆောင်ကြီး ဦးမိုးဒီက အနုပညာသက်တမ်းတစ်လျှောက် သူ့ရဲ့ အနုပညာစွမ်းအားနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေသူ ဖြစ်ပါတယ်။ ဦးမိုးဒီက အငြိမ့်၊ဇာတ်သဘင်နဲ့ ရုပ်ရှင်ဗီဒီယို ဇာတ်ကားတော်တော်များများမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ဦးမိုးဒီက လက်တလောမှာတော့ အသက်အရွယ်ကြောင့် အနုပညာလုပ်ငန်းတွေကို နည်းနည်းချင်းစီသာ လုပ်ကိုင်တော့တာ ဖြစ်ပါတယ်။

 

 

လတ်​​တ​လောမှာ​တော့ လူရွှင်​​တော်​ ​ကောင်း​ကျော်​က​ ဝါရင့်​သရုပ်​​ဆောင်​ကြီး မိုးဒီတစ်​​ယောက်​ ကျန်းမာ​ရေးမ​ကောင်းတာ​ကြောင့်​ မြန်မာနိုင်ငံသဘင်လူမှုကူညီ စောင့်ရှောက်ရေးကော်မတီ(ဗဟို) က အလှူ​ငွေ​တွေ​လှူဒါန်းခဲ့တဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ချစ်​ပရိသတ်​​တွေအတွက်​ ကျန်းမာ​ရေးချို့တဲ့​နေတဲ့ သရုပ်​​ဆောင်​ ဦးမိုးဒီကို အလှူ​ငွေ​ပေးအပ်​ခဲ့တဲ့ မြန်မာနိုင်ငံသဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို)ရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

 

 

လူရွှင်​​တော်​ ​ကောင်း​ကျော်​က​တော့ “ရုပ်ရှင်နှင့်ဗီဒီယို ဟာသသရုပ်ဆောင် အကယ်ဒမီ ဦးမိုးဒီသည် ကျမ္မာရေးချို့ယွင်း မှုဖြစ်နေကြောင်းကြားသိရပါ၍မြန်မာနိုင်ငံသဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို)မှ ကူညီထောက်ပံ့ငွေ၁သိန်း ကျပ်အား သဘင်လူကူကိုယ်စား မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ အလုပ်အမှုဆောင် များမှ

 

 

သွားရောက် ထောက်ပံ့ကူညီမှုများပေးခဲ့ကြပြီး ဦးမိုးဒီသည်လည်း ကျမ္မာရေး အခြေအနေမှာ အထူးတိုးတက်ကောင်းမွန် လျက်ရှိပါသည် ကောင်းကျော်​ ( ပြန်ကြားရေးမှူး) မြန်မာနိုင်ငံသဘင်လူမှုကူညီ စောင့်ရှောက်ရေးကော်မတီ(ဗဟို) 15-6-2019″ ဆိုပြီး လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာပါ။

 

 

ပရိသတ်​​တွေကို ​ပျော်​ရွှင်​စရာ​တွေ ဖန်​တီး​ပေးခဲ့သူတစ်​ဦးဖြစ်​တဲ့ ဝါရင့်​သရုပ်​​ဆောင်​ကြီး ဦးမိုးဒီက​တော့ ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်​ ​ဆေးကုသမှု ခံယူ​နေရတာပဲ ဖြစ်​ပါတယ်​။ ချစ်​ပရိသတ်​​တွေကလည်း ဝါရင့်​သရုပ်​​ဆောင်​ကြီး ဦးမိုးဒီတစ်​​ယောက်​ ​ရောဂါ​ဝေဒနာ ခံစား​နေရတာ​တွေ အမြန်​ဆုံးသက်​သာပါ​စေလို့ ဆု​တောင်း​ပေးလိုက်​ပါဦး​နော်​။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.