“က်န္းမာေရးေၾကာင့္ Facebook သုံးတာကို တစ္လရပ္နားထားမယ့္အေၾကာင္းအသိေပးလာတဲ့ ခင္ပိုးပန္းခ်ီ”

Posted on

ပရိသတ်ကြီးရေ ခင်ပိုးပန်းချီလေး ဟာ ပထမတန်းကနေစတင်ပြီးဆို၊က၊ရေး၊တီး ပြိုင်ပွဲ (၁၅) ကြိမ်မြောက်ကစတင်ယှဉ်ပြိုင်ခဲ့ပြီး ၂၂ ကြိမ်မြောက်ထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့သူလေးဖြစ်ပါတယ်။ သူမ ဟာဆုတံဆိပ်ပေါင်း၂၃ခုရရှိခဲ့ပြီး ရွှေတံဆိပ်၈ဆု ၊ ငွေတံဆိပ် ၁၄ဆု နဲ့ ကြေးတံဆိပ် ၁ဆု တို့ရရှိခဲ့တာကြောင့် အဆိုပိုင်းမှာ ထူးချွန်လွန်းသူလေးဆိုတာ အမှန်ပါပဲနော်။

ပရိသတ်တွေ အများဆုံးသိလာတာကတော့ ဓမ္မတေးတွေကို အသံချိုချိုလေးနဲ့ ဆိုတဲ့သူလေးဆိုပြီးလူအများလက်ခံသဘောကျခဲ့တာဖြစ်ပါတယ် ။ ၆တန်းနှစ်မှာ မြန်မာသံစဉ် ခွေတစ်ခွေ ထွက်ရှိခဲ့ပါသေးတယ်။ပရိတ်သတ်တွေအရမ်းသဘောကျခဲ့တဲ့ “လိပ်ပြာစံအိမ်” ဇာတ်ကားကြီးထဲက ဇာတ်ဝင်တေးသီချင်းကိုလည်း ခင်ပိုးပန်းချီလေးကသီဆိုခဲ့တာပါပဲနော်။ရုပ်ချောရုံသာမက အသံပါ ပြောစရာမရှိတဲ့အပြင် မြန်မာသံစဉ်တွေကိုနှစ်သက်ပီးမြန်မာအမျိုးသမီးကောင်းလေးဖြစ်တဲ့ခင်ပိုးပန်းချီလေးကတော့ အလှူအတန်းဆိုလည်းလက်မနှေးသူလေးပါနော်။

ဒီနေ့မှာတော့ ”မဂ်လာပါရှင် သမီးလေးစားရပါသော ဆရာတော်ဘုရားများ သီလရှင်ဆရာကြီး ဆရာလေးများ ချစ်ရတဲ့ပရိသတ်များ We Love များ ပြည်တွင်း ပြည်ပမှ ပရိသတ်များ အားလုံး သမီး ဒီနေ့ကစပြီး သမီးရဲ့ကျန်းမာရေးကြောင့် Fb သုံးတာ တစ်လနားပါ့မယ်ရှင် သမီးကိုမေ့မသွားနဲ့နော် သမီးချစ်”ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးလာခဲ့တာပါ။ ပရိသတ်ကြီးလည်း ခင်ပိုးပန်းချီရဲ့ကျန်းမာရေးအမြန်ဆုံးပြန်လည်ကောင်းမွန်နိုင်ဖို့ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: KhinPoePanChi
zawgyi

ပရိသတ္ႀကီးေရ ခင္ပိုးပန္းခ်ီေလး ဟာ ပထမတန္းကေနစတင္ၿပီးဆို၊က၊ေရး၊တီး ၿပိဳင္ပြဲ (၁၅) ႀကိမ္ေျမာက္ကစတင္ယွဥ္ၿပိဳင္ခဲ့ၿပီး ၂၂ ႀကိမ္ေျမာက္ထိ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့သူေလးျဖစ္ပါတယ္။ သူမ ဟာဆုတံဆိပ္ေပါင္း၂၃ခုရရွိခဲ့ၿပီး ေ႐ႊတံဆိပ္၈ဆု ၊ ေငြတံဆိပ္ ၁၄ဆု နဲ႔ ေၾကးတံဆိပ္ ၁ဆု တို႔ရရွိခဲ့တာေၾကာင့္ အဆိုပိုင္းမွာ ထူးခြၽန္လြန္းသူေလးဆိုတာ အမွန္ပါပဲေနာ္။

ပရိသတ္ေတြ အမ်ားဆုံးသိလာတာကေတာ့ ဓမၼေတးေတြကို အသံခ်ိဳခ်ိဳေလးနဲ႔ ဆိုတဲ့သူေလးဆိုၿပီးလူအမ်ားလက္ခံသေဘာက်ခဲ့တာျဖစ္ပါတယ္ ။ ၆တန္းႏွစ္မွာ ျမန္မာသံစဥ္ ေခြတစ္ေခြ ထြက္ရွိခဲ့ပါေသးတယ္။ပရိတ္သတ္ေတြအရမ္းသေဘာက်ခဲ့တဲ့ “လိပ္ျပာစံအိမ္” ဇာတ္ကားႀကီးထဲက ဇာတ္ဝင္ေတးသီခ်င္းကိုလည္း ခင္ပိုးပန္းခ်ီေလးကသီဆိုခဲ့တာပါပဲေနာ္။႐ုပ္ေခ်ာ႐ုံသာမက အသံပါ ေျပာစရာမရွိတဲ့အျပင္ ျမန္မာသံစဥ္ေတြကိုႏွစ္သက္ပီးျမန္မာအမ်ိဳးသမီးေကာင္းေလးျဖစ္တဲ့ခင္ပိုးပန္းခ်ီေလးကေတာ့ အလႉအတန္းဆိုလည္းလက္မေႏွးသူေလးပါေနာ္။

ဒီေန႔မွာေတာ့ ”မဂ္လာပါရွင္ သမီးေလးစားရပါေသာ ဆရာေတာ္ဘုရားမ်ား သီလရွင္ဆရာႀကီး ဆရာေလးမ်ား ခ်စ္ရတဲ့ပရိသတ္မ်ား We Love မ်ား ျပည္တြင္း ျပည္ပမွ ပရိသတ္မ်ား အားလုံး သမီး ဒီေန႔ကစၿပီး သမီးရဲ႕က်န္းမာေရးေၾကာင့္ Fb သုံးတာ တစ္လနားပါ့မယ္ရွင္ သမီးကိုေမ့မသြားနဲ႔ေနာ္ သမီးခ်စ္”ဆိုတဲ့စာေလးနဲ႔ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ အသိေပးလာခဲ့တာပါ။ ပရိသတ္ႀကီးလည္း ခင္ပိုးပန္းခ်ီရဲ႕က်န္းမာေရးအျမန္ဆုံးျပန္လည္ေကာင္းမြန္ႏိုင္ဖို႔ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: KhinPoePanChi

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.