ကျန်းမာရေးဝန်ထမ်းတွေအတွက် လက်ခုပ်မတီး Profile မချိန်းပေးပဲ ခေတ္တသည်းခံပြီး ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းနဲ့ပဲ ကူညီပေးကြပါဆိုတဲ့ ချစ်သုဝေ

Posted on

ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ လက်ရှိ ကိုဗစ်ကာလမှာ သူမရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့အတူတူ Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များကို လုပ်ကိုင်နေလျက်ရှိပါတယ်။ အများအကျိုးကို သယ်ပိုးနေသလို မိဘပြည်သူတွေအတွက်လည်း ကျန်းမာရေးအသိပေးချက်တွေ အမြဲတမ်း မျှဝေပေးလေ့ရှိတဲ့ ချစ်သုဝေက ဒီကနေ့မှာတော့ တဖြည်းဖြည်းဆိုးရွားလာခဲ့တဲ့ ရောဂါပိုးကြောင့် ကျန်းမာရေးဝန်ထမ်းတွေအတွက် လက်ခုပ်မတီး Profile မချိန်းပေးပဲ ခေတ္တသည်းခံပြီး ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းနဲ့ပဲ ကူညီပေးကြဖို့ အခုလိုပဲ ပြောလာပါတယ်။

“စိတ်တွေလည်းမှိုင်းတယ်။ ကိုယ့်ပတ်ဝန်းကျင် အသိ မိတ်ဆွေတွေပါ ပြီးတော့ ကိုယ့်ဆရာတွေ positiveတွေရော အသေအပျောက်ရော ရှိလာပြီ☹မေကြီး နဲ့daeကို စိတ်ပူတယ် (၂)ယောက်လုံးရောဂါအခံတွေနဲ့မို့☹ မပေါ့ကြပါနဲ့နော်။ အိမ်တိုင်းသက်ကြီးတွေရှိကြတာမို့။ ဂရုစိုက်ပါနော်။ ပတ်ဝန်းကျင်မှာပိုးရှိသကဲ့သို့တွေးပါ။ maskကို စနစ်တကျတပ် စနစ်တကျစွန့်ပါ။ လက်ဆေးပါ။ ဒီ့ထက် အရေးကြီးတာကတော့ သည်းခံပါ။ စားချင်၊ သွားချင်၊ လုပ်ချင်တာတွေကို သတိနဲ့ယှဉ်ချိန်ထိုးပြီး ခဏသည်းခံပြီး ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေ volunteer တွေကို ကူကြပါစို့လားနော်”

“လက်ခုပ်လည်းမတီးပေးနဲ့ ။ profileလည်းမချိန်းပေးနဲ။့ weလည်းမစတန်းနဲ့။ ခေတ္တခဏ သည်းခံ စည်းကမ်းလိုက်နာ ကိုယ့်ကိုယ်ကို ကာကွယ် ခြင်းနဲ့ပဲ ကူကြရအောင်လားနော်။ နားလို့ရတဲ့အလုပ်တွေတော့ တကယ်နားစေချင်မိတာပါပဲ။ မြင်တွေ့နေရတာ စိတ်ပူစရာတွေချည်း။ အပြင်ထွက် အလုပ်လုပ် ရုန်းကန်မှဖြစ်မယ့်သူတွေအတွက် အပြင်မထွက်ပဲ ခဏလောက်နေပေးရုံနဲ့ စားနိုင်နေနိုင်သူတွေ ကူညီ ပြီး အိမ်မှာနေပေး ကြရအောင်လားလို့ပါနော်☹” ဆိုပြီး လေးလေးနက်နက် တောင်းဆိုလာပါတယ်။

ချစ်သုဝေကတော့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေရဲ့ လက်ရှိအခြေအနေကို အနီးကပ်ဆုံးမြင်တွေ့နေရသူမို့ ကျန်းမာရေးဝန်ထမ်းတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးကြဖို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Chit Thu Wai’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.