က်န္းမာေရးနဲ႔ပတ္သတ္ၿပီး ပရိသတ္ေတြစိုးရိမ္ပူပန္မႈျဖစ္ေစတဲ့ IU ရဲ႕စားေသာက္ေနထိုင္မႈပုံစံ

Posted on

နာမည္ႀကီးအဆိုေတာ္လည္းျဖစ္၊ သ႐ုပ္ေဆာင္မင္းသမီးလည္းျဖစ္တဲ့ IU ဟာဆိုရင္ သူမရဲ႕အႏုပညာအရည္အခ်င္းေတြေၾကာင့္အျပင္ ေသးေသးသြယ္သြယ္ခႏၶာကိုယ္ေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ဟန္ပန္ေလးေတြေၾကာင့္ ပရိသတ္ေတြရဲ႕ခ်စ္ခင္ႏွစ္သက္အားေပးမႈကိုတစ္ခဲနက္ဆိုသလိုရရွိေနသူေလးတစ္ေယာက္ျဖစ္ပါတယ္။ ဒီလိုမ်ိဳးေသးသြယ္တဲ့ခႏၶာကိုယ္ကို ထိန္းသိမ္းႏိုင္ဖို႔ဆိုတာကလည္း သူမအေနနဲ႔ အစားအေသာက္အေနအထိုင္ကို အေတာ္ေလးမွဂ႐ုတစိုက္ရွိဖို႔ လိုအပ္လွပါတယ္။

သူမကေတာ့ သူမရဲ႕ကိုယ္ခႏၶာပုံပန္းသ႑ာန္ကို အေလးထားၿပီးထိန္းသိမ္းလိုတာေၾကာင့္ အစားအေသာက္စားရာမွာ သာမန္လူေတြစားသုံးထက္ပမာဏထက္ ထက္ဝက္မကနည္းပါးတဲ့ပမာဏကိုသာစားသုံးၿပီး ဒီလိုမ်ိဳးစားသုံးမႈပုံစံဟာ ပရိသတ္ေတြအေနနဲ႔ သူမရဲ႕က်န္းမာေရးကိုစိတ္ပူစိုးရိမ္ေစတာကို ေတြ႕ရပါတယ္။ လတ္တေလာသူမတင္လိုက္တဲ့ အင္စတာဂရမ္ကပုံတစ္ပုံဟာ သူမကို အမွန္တကယ္ခ်စ္ၾကတဲ့ပရိသတ္ေတြအတြက္ကေတာ့ တကယ္စိတ္မသက္မသာျဖစ္ေစစရာပါပဲ။

သူမတင္ထားတဲ့ပုံကေတာ့ သူမစားေနတဲ့ေခါက္ဆြဲပုံျဖစ္ၿပီး အဆိုပါပုံထဲကေခါက္ဆြဲဟာဆိုရင္ သာမန္လူေတြအဖို႔ သေရစာမုန႔္အျဖစ္နဲ႔စားလို႔ရယုံမွ်သာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီလိုမ်ိဳးနည္းလြန္းတဲ့ပမာဏကို သူမက တစ္ေန႔တာအာဟာရအျဖစ္နဲ႔ စားသုံးတာဟာ ၾကာလာရင္က်န္းမာေရးထိခိုက္ႏိုင္တဲ့အေနအထားပါ။ စတင္ပြဲထြက္ခ်ိန္ကတည္းက လက္ရွိပုံစံအတိုင္းေသးေသးသြယ္သြယ္ေလးပဲျဖစ္တဲ့ သူမအေနနဲ႔ အခုလိုမ်ိဳးစားသုံးတာဟာ ႐ိုက္ကူးေနတဲ့႐ုပ္ရွင္အတြက္ ကိုယ္အေလးခ်ိန္ခ်လိုတာေၾကာင့္ တမင္စားသုံးေနတာလား၊ ဒါမွမဟုတ္ သူမရဲ႕ပုံမွန္စားေသာက္မႈပုံစံလားဆိုတာကိုေတာ့ သူမကိုယ္တိုင္ပဲအသိဆုံးျဖစ္မွာပါ။

ပရိသတ္ေတြကေတာ့ သူတို႔ခ်စ္ၾကတဲ့ အဆိုေတာ္၊ မင္းသမီးေလးကို က်န္းက်န္းမာမာနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရွိေနတာကိုပဲ ျမင္လိုတာေၾကာင့္ ဒီလိုမ်ိဳးစားေသာက္မႈပုံစံကိုရပ္လိုက္ကာ အားရွိေအာင္စားေသာက္ေနထိုင္ဖို႔ကိုပဲ ဆႏၵျပဳထားၾကပါတယ္။

Ref : Koreaboo

Unicode

နာမည်ကြီးအဆိုတော်လည်းဖြစ်၊ သရုပ်ဆောင်မင်းသမီးလည်းဖြစ်တဲ့ IU ဟာဆိုရင် သူမရဲ့အနုပညာအရည်အချင်းတွေကြောင့်အပြင် သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်အားပေးမှုကိုတစ်ခဲနက်ဆိုသလိုရရှိနေသူလေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုမျိုးသေးသွယ်တဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်ဖို့ဆိုတာကလည်း သူမအနေနဲ့ အစားအသောက်အနေအထိုင်ကို အတော်လေးမှဂရုတစိုက်ရှိဖို့ လိုအပ်လှပါတယ်။

သူမကတော့ သူမရဲ့ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်ကို အလေးထားပြီးထိန်းသိမ်းလိုတာကြောင့် အစားအသောက်စားရာမှာ သာမန်လူတွေစားသုံးထက်ပမာဏထက် ထက်ဝက်မကနည်းပါးတဲ့ပမာဏကိုသာစားသုံးပြီး ဒီလိုမျိုးစားသုံးမှုပုံစံဟာ ပရိသတ်တွေအနေနဲ့ သူမရဲ့ကျန်းမာရေးကိုစိတ်ပူစိုးရိမ်စေတာကို တွေ့ရပါတယ်။ လတ်တလောသူမတင်လိုက်တဲ့ အင်စတာဂရမ်ကပုံတစ်ပုံဟာ သူမကို အမှန်တကယ်ချစ်ကြတဲ့ပရိသတ်တွေအတွက်ကတော့ တကယ်စိတ်မသက်မသာဖြစ်စေစရာပါပဲ။

သူမတင်ထားတဲ့ပုံကတော့ သူမစားနေတဲ့ခေါက်ဆွဲပုံဖြစ်ပြီး အဆိုပါပုံထဲကခေါက်ဆွဲဟာဆိုရင် သာမန်လူတွေအဖို့ သရေစာမုန့်အဖြစ်နဲ့စားလို့ရယုံမျှသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးနည်းလွန်းတဲ့ပမာဏကို သူမက တစ်နေ့တာအာဟာရအဖြစ်နဲ့ စားသုံးတာဟာ ကြာလာရင်ကျန်းမာရေးထိခိုက်နိုင်တဲ့အနေအထားပါ။ စတင်ပွဲထွက်ချိန်ကတည်းက လက်ရှိပုံစံအတိုင်းသေးသေးသွယ်သွယ်လေးပဲဖြစ်တဲ့ သူမအနေနဲ့ အခုလိုမျိုးစားသုံးတာဟာ ရိုက်ကူးနေတဲ့ရုပ်ရှင်အတွက် ကိုယ်အလေးချိန်ချလိုတာကြောင့် တမင်စားသုံးနေတာလား၊ ဒါမှမဟုတ် သူမရဲ့ပုံမှန်စားသောက်မှုပုံစံလားဆိုတာကိုတော့ သူမကိုယ်တိုင်ပဲအသိဆုံးဖြစ်မှာပါ။

ပရိသတ်တွေကတော့ သူတို့ချစ်ကြတဲ့ အဆိုတော်၊ မင်းသမီးလေးကို ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေတာကိုပဲ မြင်လိုတာကြောင့် ဒီလိုမျိုးစားသောက်မှုပုံစံကိုရပ်လိုက်ကာ အားရှိအောင်စားသောက်နေထိုင်ဖို့ကိုပဲ ဆန္ဒပြုထားကြပါတယ်။

Ref : Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.