ကလေးလေးတွေကအစ သူမရဲ့ဈေးရောင်းတဲ့ဟန်ပန်အမူအယာလေးတွေကို အတုယူပြီး လိုက်လုပ်ကြကြောင်း ပြသလာခဲ့တဲ့ ထက်ထက်မိုးဦး

Posted on

သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ လူကြီး၊ လူငယ်၊ ကလေးမရွေးချစ်ခင်အားပေးခြင်းခံရတဲ့ မင်းသမီးချောတစ်ယောက်ပါပဲ။ ထက်ထက်မိုးဦးက အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် ပရိသတ်တွေက သူမကိုချစ်ကြတဲ့ အချစ်တွေကတော့ လျော့နည်းသွားခြင်းမရှိပဲ တစ်နေ့တစ်ခြား ပိုလို့တောင် တိုးပွားလာတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အနုပညာအလုပ်တွေ မလုပ်ကိုင်ဖြစ်သေးပဲ ရတနာပစ္စည်းတွေ Live လွှင့်ပြီး ရောင်းချတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ မထင်ထားလောက်တဲ့ အားပေးမှုကို ရရှိတာပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးကတော့ အရွယ်ပေါင်းစုံက ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို ရရှိထားသူတစ်ယောက်ပီပီ ဒီကနေ့မှာလည်း ကလေးလေးတစ်ယောက်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလာပါတယ်။ ထက်ထက်မိုးဦးက သူမဈေးရောင်းတဲ့ အိုက်တင်အတိုင်း အတုယူပြီးလိုက်လုပ်ပြတဲ့ ကလေးလေးကို အချစ်ပိုစွာနဲ့ ပရိသတ်တွေလည်း ကြည့်ရှုလို့ရနိုင်အောင် အခုလိုပဲ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးကတော့ ကလေးလေးတွေကအစ အားပေးခံရလို့ တော်တော်လေး ဝမ်းသာနေတဲ့ပုံပါပဲ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ကလေးလေးရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.