ကလေးမေမေတစ်ယောက်ရဲ့တစ်နေ့တာမှာ ဘုရားဝတ်ပြုတာတောင် သေချာအာရုံမစိုက်နိုင်ကြောင်း ပြသလာတဲ့ ခိုင်နှင်းဝေ

Posted on

မင်းသမီးချော ခိုင်နှင်းဝေကတော့ လူရော စိတ်ပါ အပြစ်ပြောစရာမလိုအောင် လှပသိမ်မွေ့သူလေးတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သူမဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်သလို အများအကျိုးကို သယ်ပိုးဖို့ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်နှင်းဝေက အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့ ခွဲခွာခဲ့ရတဲ့ ကလေးငယ် (၃၆) ယောက်ကို စောင့်ရှောက်ထားပြီး မိခင်ရင်းသဖွယ် ဂရုစိုက်ပေးနေတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ရင်သွေးငယ် (၃၆) ယောက်အပြည် သမီးလေးတစ်ယောက်ကိုလည်း အပြီးအပိုင်မွေးစားထားပြီး သူမရဲ့ အိမ်မှာပဲ သမီးရင်းလေးတစ်ယောက်လို ဂရုစိုက်ထားတာ ဖြစ်ပါတယ်။ ဝမ်းနဲ့ လွယ်မမွေးရပေမယ့်လည်း သမီးလေး ရွှန်းရတီခိုင်အပေါ် အသွေးအသားထဲကချစ်တဲ့ ခိုင်နှင်းဝေက သူမရဲ့ အချိန်တော်တော်များများကို သမီးလေးအတွက်သာ ပေးဆပ်ထားတာပဲ ဖြစ်ပါတယ်။ သမီးလေးကို အရမ်းချစ်ပြီး အလိုလိုက်တဲ့ ခိုင်နှင်းဝေက ဒီတစ်ခေါက်မှာတော့ ကလေးမေမေတစ်ယောက်ရဲ့တစ်နေ့တာမှာ ဘုရားဝတ်ပြုတာတောင် သေချာအာရုံမစိုက်နိုင်ကြောင်း ချစ်စနိုးလေးပြသလာပါတယ်။

ခိုင်နှင်းဝေကတော့ သမီးလေး ရွှန်းရတီခိုင်အပေါ် အရမ်းချစ်ပြီး ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးထဲက ကလေးမေမေတွေရော ခိုင်နှင်းဝေနဲ့ အဖြစ်ချင်းတူလား ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.