ကလေးတွေဗိုလ်ကျသမျှ ခံနေရရှာတဲ့ ဖေဖေလှမျိုးမြင့်ရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျနေတဲ့ သဉ္ဇာနွယ်ဝင်

Posted on

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေမှာ အောင်မြင်ခဲ့ပေမယ့် အိမ်ထောင်ကျပြီးတဲ့နောက် အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်း ကတော့ ကိုလှမျိုးမြင့်နဲ့ ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားကြီး ကျော်မျိုးမြင့်နဲ့ သမီးလေး သဉ္ဇာမျိုးမြင့်တို့ကို မွေးဖွားပိုင်ဆိုင်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သဉ္ဇာနွယ်ဝင်းက အခုဆိုရင် သူမရဲ့သမီးလေး နာမည်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း စတင်လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

မိသားစုအရေးမှာလည်း သူမကို အရမ်းချစ်ပြီး အလိုလိုက် ဂရုစိုက်တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သားသမီးတွေကြောင့် နေ့ရက်တိုင်းမှာ ပျော်ရွှင်စရာတွေ ပိုင်ဆိုင်နေတဲ့ သဉ္ဇာနွယ်ဝင်းကတော့ ဒီကနေ့မှာတော့ ကလေးတွေဗိုလ်ကျသမျှ ခံနေရရှာတဲ့ ဖေဖေလှမျိုးမြင့်ရဲ့ ဖြစ်ပုံကို သဘောကျနေတာကို တွေ့ရပါတယ်။ သဉ္ဇာနွယ်ဝင်းက သားအကြီး Peach လေးဆိုးသမျှ ခံထားရတဲ့ ဖေဖေ့ရဲ့ ဓာတ်ပုံလေးကိုရိုက်ပြီး “Peach တပ်ထားပေးတဲ့ အရုပ်ကလစ်နဲ့” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းကတော့ သူမရဲ့ ပျော်စရာ မိသားစုလေးအကြောင်းကို မကြာခဏဆိုသလို မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဉ္ဇာနွယ်ဝင်းတို့ မိသားစုလေး နှစ်တွေအများကြီးတိုင် အခုလိုပဲ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးကြဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Thinzar Nwewin’s fb

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.