စိတ်ပေါက်ပေါက်နဲ့ တွေးမိတယ်။
ကလေးသူငယ်တွေကို ကျူလွန်မယ့် ငထန်ကောင် တဏှာရူးတွေအတွက် ပြည့်တန်ဆာတွေငှားပြီး -ာ အလှူပေးရင်ကောင်း မလားလို့။ မနေနိုင်၊ မထိုင်နိုင်ဖြစ်နေပြီး ငွေလေး ငါးထောင်တစ်သောင်းတောင် မသုံးချင်ဘဲ ကလေးသူငယ်တွေကို ကျူးလွန်မယ့်အစား
ကဲ….ဒီမှာ အလကားသာ လာလုပ်ပါ။ ပိုက်ဆံစိုက်ပေးပါ့မယ်လို့သာ လုပ်ပစ်လိုက်ချင်တော့တယ် အကုသိုလ်တွေများရလွန်းလို့….
မနေနိုင်အောင်ယွထ နေပြီး လူမမယ် ကလေးတွေပါမချန်ဖြစ်နေရင်လည်း -ာချပါ။ အဲ့ဒါကမှ ဂုဏ်သိက္ခာရှိပါသေးတယ်။
တန်ရာတန်ကြေးပေးပြီး စိတ်ဆန္ဒဖြေဖျောက်တာဟာ မုဒိမ်းကျင့်တာထက် သိက္ခာရှိပါတယ်၊ ကလေးဆိုတာ အသုံးချခံမဟုတ်ပါ။ ကျူးလွန်စရာ မဟုတ်ပါ။ ကလေးဆိုတာ ကလေးသီးသန့်ပါ။
သူတို့မှာမက်မောစရာ ၊ မြှူ ဆွယ်စရာခန္ဓာကိုယ် အချိုး အစား မရှိသလို လိင်ဆက်ဆံဖို့ ခန္ဓာကိုယ် ဖွံ့ ဖြိုးမှုမရှိပါ ။ သေသွားနိုင်ပါတယ် ။
မသေရင်တောင်ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်ပါတယ် ။ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အားလုံး နစ်နာသွားနိုင်ပါတယ် ။
ကလေးငယ်တွေကိုအလွတ် ပေးပါ ။ ကလေးငယ်တွေကို အဓမ္မမကျင့် ပါနဲ့ ။ ကလေးငယ်တွေကို ကလေးဘ၀ပေးပါ ။
Victoria လေးကိစ္စဟာ တစ်ဦး တစ်ယောက်တည်း နဲ့သက်ဆိုင်တာ မဟုတ်ပါဘူး ။
ဟိုးခေတ်ကလေသံနဲ့ပြောရရင် တစ်မျိုးသားလုံး စိတ်ဓါတ်နဲ့ အကျင့်စာရိတ္တ မြင့်မားရေးနဲ့ပါ သက်ဆိုင်ပါတယ် ။
ကလေးငယ် ယောက်ျားလေး ၊ မိန်းကလေး မရွေးအတွက် ဆက် Education လိုအပ်နေပြီ ဆိုတာ တစ်နိုင်ငံလုံးလက်ခံသင့်နေပါပြီ ။ ပြီးတော့ ဖိနှိပ်ထားတဲ့ အရာမှန်သမျှ ပုန်ကန် ထကြွတတ်ပါတယ် ။
မြန်မာပြည်မှာ ဆက်နဲ့ ပါတ်သက်ရင် ရှက်စရာ ၊ ဖုံးကွယ်စရာ ၊ သိက္ခာကျစရာလို့ နှစ်ပေါင်းများစွာ လက်ခံလာကြတဲ့ အစွဲရှိပါတယ်။ ဆက် Worker တွေဟာ တရားဝင် မဖြစ်သလို အကာအကွယ်ပေးရေးဥပဒေလည်း မရှိပါဘူး။
လိင်ပိုင်းဆိုင်ရာ ကိစွတွေကို အခုလို ပြုလုပ်ထားတဲ့ အစွဲတွေကြောင့် ကလေးသူငယ်တွေ အပေါ် target ထားလာတာတွေ ရှိလာပါပြီ ။ Victoria လေးကိစ္စ ဟာ Victoria လေးတစ်ယောက်တည်း အတွက် မဟုတ်ပါဘူး။
Victoria လေးလို အဖြစ်တူ၊ ဘ၀တူတွေ အများကြီး ရှိနေပါတယ် ။သူတို့ကို ကာကွယ်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ ကျမတို့ ရဲ့ မျိုးဆက်လေးတွေ၊ သားသမီးလေးတွေ ကလေးဘ၀ စစ်စစ် ရဖို့ ၊ ကလေးအဖြစ် ဖြတ်သန်းနိုင်ဖို့ ကျမ တို့ အားလုံးမှာတာဝန်ရှိပါတယ် ။
အိပန်ဆယ်လို ( လေးစာစွာဖြင့် ခရက်ဒစ်ပေးပါသည်။ )