ကလေးသိပ်နေတဲ့ ချစ်ဇနီးဝမ်းကို ည(၁၂) နာရီတိတိမှာ အနမ်းတွေခြွေရင်း Birthday Wish လေးလုပ်ခဲ့တဲ့ R ဇာနည်ရဲ့ ဗီဒီယို

Posted on





Uniocode

ပရိသတ်တွေ ခံစားချက်နဲ့ တစ်သားတည်းကျတဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော် R ဇာနည် ကတော့ လွန်ခဲ့တဲ့ နှစ် (၂၀) ကတည်းကနေ ဒီနေ့ဒီအချိန်ထိ လူကြီး၊ လူငယ် ပရိသတ်မရွေး အားပေးခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ R ဇာနည် ရဲ့ ထူးခြားတဲ့ အချက်တစ်ချက်ကတော့ သူ့ရဲ့ သီချင်းတွေက ဘယ်ခေတ် ဘယ်အချိန်ရောက်ရောက် ရိုးသွားခြင်းမရှိပဲ ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိနေဆဲပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ R ဇာနည်က သူ့ရဲ့ မိသားစုလေးအတွက် အိမ်ထောင်ဦးစီးအဖြစ် တာဝန်ယူရင်း ပရိသတ်တွေအတွက် အသစ်အသစ်သော သီချင်းတွေကို ချပြဖို့ ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၂၇) ရက်နေ့က R ဇာနည်ရဲ့ ချစ်ဇနီး မော်ဒယ်လ် ဝမ်းရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ R ဇာနည်ကတော့ ချစ်ဇနီး ဝမ်းအတွက် ည(၁၂) နာရီတိတိမှာ Birthday Song လေးဆိုပြီး အနမ်းတွေခြွေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် R ဇာနည် တို့ ဇနီးမောင်နှံရဲ့ ကြည်နူးစရာကောင်းတဲ့ အမှတ်တရဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

R ဇာနည်ကတော့ ချစ်ဇနီးဝမ်းအတွက် ရိုးရှင်းလွန်းတဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း R ဇာနည်တို့ ဇနီးမောင်နှံရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အားကျစိတ်တွေ တဖွားဖွားဖြစ်လာမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Zarni Myonyunt’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.