ကလေးမယူသေးဘူးလားလို့ မေးရင် အရမ်းစိတ်ဆိုးပါတယ် လို့ဆိုတဲ့ ခင်ရူပ

Posted on

အမိုက်စားမော်ဒယ်မလေးတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး ဘိုဆန်တဲ့ မျက်နှာလေးနဲ့ အမိုက်စား ဘော်ဒီလေးတွေကြောင့်လဲ ၀န်းရံသူတွေများပြားခဲ့ပါတယ်။ သူမက ရုတ်တရက် ဆိုသလို သူမရဲ့ ချစ်သူနဲ့အတူ ဘ၀ကို အတူလက်တွဲဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး ၂၀၁၉ခုနှစ် ဇန်န၀ါရီလအတွင်းက လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။ သူတို့ဟာ အိမ်ထောင်သက်တမ်း ၇ လရှိနေပြီဖြစ်ပြီး ခုချိန်ထိတော့ ကလေးမယူဖြစ်ကြသေးလို့လဲသိရပါတယ်။

ဒါကိုတစ်ချို့သော မိတ်ဆွေအပေါင်းအသင်းတွေက ကလေးမယူကြသေးဘူးလားလို့ လာလာမေးတဲ့အခါ စိတ်ထဲမှာ အလွန်အကျွံ ခံစားခဲ့ရတဲ့ အကြောင်းကို သူမက ယခုလိုလေး ပြောပြထားပါတယ်။ သူမပြောလိုက်တာကတော့ “အားနေကလေးမယူကြသေးဘူးလား ဘာညာနဲ့ တချို့ဆိုအလွန်ကြီး အန်တီ့သမီးသာဆိုလျှင်ကလေးမယူရင်ယောကျာ်းနဲ့ကွဲခိုင်းမှာ (မသိရင်ယောကျာ်းက မြုံနေသ လိုလိုမျိုး) 😏 Greeting တွေက serious တွေ ရိုင်းပါတယ်နော်🌚

ကျမအသက်ကခုမှ ၂၅ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မယူချင်သေးလို့ကိုမယူတာပါ ယောကျာ်းနဲ့ ကမ္ဘာပတ်ဦးမှာ ပျော်ပျော်ကြီးကိုနေချင်သေး လို့မယူတာပါနော်😏 အလုပ်တွေဦးဆောင်ချင်သေးလို့မယူတာပါနော် အားနေ အဲ့ဒါဘဲမေးမနေပါနဲ့ 👊 အရမ်းစိတ်ဆိုးပါတယ်နော် 😏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ “အလိုက်ကန်းဆိုးမသိကြသူများ ..” ဆိုတဲ့ စာလေးတွေကို ရှဲပြီး မျှဝေပြောကြားခဲ့ပါတယ်။

ခင်ရှုပက အနုပညာနဲ့ ပတ်သက်ပြီး ပွဲတွေသာတက်နေပြီး အခြားသောအနုပညာအလုပ်တွေကိုတော့ သိပ်လုပ်တာမတွေ့ရတော့ပါဘူး။ သူမက အွန်လိုင်းရှော့တစ်ခုလုပ်နေပြီး အခြားသောစီးပွားရေးတွေကိုလဲ လုပ်ဆောင် နေတယ်လို့သိရပါတယ်။ ခင်ရှုပကိုချစ်တဲ့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source – khin yu pa
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.