ကေလးဘဝကတည္းက ဘုရားတရားသိတတ္ၿပီး သူမနဲ႔ စိတ္ခ်င္းတူတဲ့ သမီးငယ္ေလးေၾကာင့္ အရမ္းပီတိျဖစ္ေနရတဲ့ သက္မြန္ျမင့္

Posted on

သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး သက္မြန္ျမင့္ကေတာ့ အခုလို ကိုဗစ္ေရာဂါေတြေၾကာင့္ အႏုပညာလႈပ္ရွားမႈ အားလပ္ခ်ိန္ေတြမွာ ဘုရားတရားကို တစိုက္မတ္မတ္လုပ္ကိုင္ေနတာျဖစ္ပါတယ္။ သက္မြန္က သူမရဲ႕ သားသမီးေတြကိုလည္း အခုလို ကေလးဘဝကတည္းက ဘုရားတရားကိုင္းရႈိင္းေစတာလည္း ျဖစ္ပါတယ္။ သူမရဲ႕ အငယ္ဆုံးသမီးေလးကလည္း သက္မြန္နဲ႔အတူ တရားထိုင္ေလ့ရွိတာကေတာ့ ပရိသတ္ေတြကို အခ်စ္ပိုမိေစမွာပါ။

သက္မြန္က မၾကာေသးတဲ့ နာရီပိုင္းအခ်ိန္ေလာက္က သူမရဲ႕ လူမႈကြန္ယက္ ေဖ့ဘြတ္အေကာင့္မွာ သမီးေလးနဲ႔အတူ တရားထိုင္ေနတဲ့ ပုံေလးေတြကို ေဝမွ်လာတာျဖစ္ပါတယ္။ ပုံေလးေတြအျပင္ ” တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလိုေပါ့…၉ ရက္ တရားစခန္း( အိမ္ကေန zoomနဲ႔) ဝင္ေတာ့ သူလိုက္ထိုင္တာ.. သက္မြန္ကိုယ္တိုင္လည္း ေမေမက ဘုရားတရား အရမ္းလုပ္ေတာ့ ကိုယ္ပါ စိတ္ႏွစ္ၿပီး လုပ္ျဖစ္တယ္.. ကေလးဘဝထဲက ေမေမ ပုတီးစိပ္ရင္ စိတ္ဝင္တစား ၾကည့္ၿပီး ေမေမသင္ေပးတာ လိုက္လုပ္တာ..အႏုပညာ အလုပ္စ လုပ္ေတာ့လည္း ဘုရားမွ တပါး အားကိုးရာ မရွိခဲ့ေတာ့ ပိုလုပ္ျဖစ္တယ္..

ခု အလုပ္မလုပ္ရေတာ့ အိမ္မွာ ေနရတဲ့ခ်ိန္ အိမ္ကေန တရားစခန္းဝင္လို႔ရတယ္ဆိုေတာ့ ဝင္ျဖစ္တယ္… ဆရာ ေကသာဦးရဲ႕ သဲအင္းဂူ “ေသနည္းသင္”ဆိုေတာ့ ပိုစိတ္ဝင္စားသြားတာ.. ေသမလိုျဖစ္တုန္းက စိတ္ေတြေယာက္ယက္ခတ္ခဲ့တာကိုး.. ေဝဒနာနဲ႔ စိတ္ကို ဘယ္မွာ အာ႐ုံျပဳရမလဲဆိုတာ သိခ်င္ေနခဲ့တာ.. ခုေတာ့ သိၿပီ.. ကိုယ္ ဆက္ၿပီး က်င့္ႀကံသြားဖို႔ပဲ လိုေတာ့တယ္. က်င့္သားမရရင္ ေယာက္ယက္က ခတ္ဦးမွာပဲ ” ဆိုၿပီး ေရးသားလာတာပါ။ သက္မြန္နဲ႔ ႐ုပ္ဆင္႐ုံသာမကပဲ စိတ္ဓာတ္ေလးပါ တူေနတဲ့ သမီးငယ္ေလးနဲ႔အတူ ပုံေလးေတြကို ပရိသတ္ေတြထံ ျပန္လည္တင္ဆက္ေပးပါတယ္ေနာ္။

သတင္းအရင္းျမစ္: Source – Thet Mon Myint’s Facebook Page
Credit – Myanmarload

Unicode

သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အခုလို ကိုဗစ်ရောဂါတွေကြောင့် အနုပညာလှုပ်ရှားမှု အားလပ်ချိန်တွေမှာ ဘုရားတရားကို တစိုက်မတ်မတ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ သက်မွန်က သူမရဲ့ သားသမီးတွေကိုလည်း အခုလို ကလေးဘဝကတည်းက ဘုရားတရားကိုင်းရှိုင်းစေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အငယ်ဆုံးသမီးလေးကလည်း သက်မွန်နဲ့အတူ တရားထိုင်လေ့ရှိတာကတော့ ပရိသတ်တွေကို အချစ်ပိုမိစေမှာပါ။

သက်မွန်က မကြာသေးတဲ့ နာရီပိုင်းအချိန်လောက်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ သမီးလေးနဲ့အတူ တရားထိုင်နေတဲ့ ပုံလေးတွေကို ဝေမျှလာတာဖြစ်ပါတယ်။ ပုံလေးတွေအပြင် ” တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလိုပေါ့…၉ ရက် တရားစခန်း( အိမ်ကနေ zoomနဲ့) ဝင်တော့ သူလိုက်ထိုင်တာ.. သက်မွန်ကိုယ်တိုင်လည်း မေမေက ဘုရားတရား အရမ်းလုပ်တော့ ကိုယ်ပါ စိတ်နှစ်ပြီး လုပ်ဖြစ်တယ်.. ကလေးဘဝထဲက မေမေ ပုတီးစိပ်ရင် စိတ်ဝင်တစား ကြည့်ပြီး မေမေသင်ပေးတာ လိုက်လုပ်တာ..အနုပညာ အလုပ်စ လုပ်တော့လည်း ဘုရားမှ တပါး အားကိုးရာ မရှိခဲ့တော့ ပိုလုပ်ဖြစ်တယ်..

ခု အလုပ်မလုပ်ရတော့ အိမ်မှာ နေရတဲ့ချိန် အိမ်ကနေ တရားစခန်းဝင်လို့ရတယ်ဆိုတော့ ဝင်ဖြစ်တယ်… ဆရာ ကေသာဦးရဲ့ သဲအင်းဂူ “သေနည်းသင်”ဆိုတော့ ပိုစိတ်ဝင်စားသွားတာ.. သေမလိုဖြစ်တုန်းက စိတ်တွေယောက်ယက်ခတ်ခဲ့တာကိုး.. ဝေဒနာနဲ့ စိတ်ကို ဘယ်မှာ အာရုံပြုရမလဲဆိုတာ သိချင်နေခဲ့တာ.. ခုတော့ သိပြီ.. ကိုယ် ဆက်ပြီး ကျင့်ကြံသွားဖို့ပဲ လိုတော့တယ်. ကျင့်သားမရရင် ယောက်ယက်က ခတ်ဦးမှာပဲ ” ဆိုပြီး ရေးသားလာတာပါ။ သက်မွန်နဲ့ ရုပ်ဆင်ရုံသာမကပဲ စိတ်ဓာတ်လေးပါ တူနေတဲ့ သမီးငယ်လေးနဲ့အတူ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးပါတယ်နော်။

သတင်းအရင်းမြစ်: Source – Thet Mon Myint’s Facebook Page
Credit – Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.