ကိုကျော်ဇင်ဝင်း ကိစ္စကို ဖြေရှင်းစကားပြောလာတဲ့ MIU Founder ဒေါ်ပို့ပို့ကြည်

အခု ရက်ပိုင်း မြန်မာနိုင်ငံတင်မက နိုင်ငံတကာက လူမှုကွန်ယက်တွေကိုပါ ရုတ်ရုတ်သဲသဲဖြစ်အောင် ကိုင်လှုပ်သွားတဲ့ Myanmar Imperial University က စာကြည့်တိုက်မှူး ကိုကျော်ဇင်ဝင်းရဲ့ ဝမ်းနည်းစရာဖြစ်ရပ်ကို အားလုံး သိလိုက်ကြမှာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး MIU ဟာ တစ်နိုင်ငံလုံးရဲ့ ဝေဖန်မှုတွေကို ခံနေရတာပါ။

ကိုကျော်ဇင်ဝင်း အတွက် ဝမ်းနည်းကြောင်းတွေဟာလည်း facebook မှာ ပလူပျံနေခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး MIU ရဲ့ Founder ဒေါ်ပို့ပို့ကြည်က 8days TV ကနေတစ်ဆင့် ဝမ်းနည်းစကားနဲ့ အခြေအနေတွေကိုဖြေရှင်းပြောပြလာခဲ့ပါတယ်။

ဒေါ်ပို့ပို့ကြည် က ဒီဖြစ်ရပ်ကို တစ်ကျောင်းလုံးက စိတ်မကောင်းဖြစ်ရကြောင်း “ဒါ ကျွန်မတို့ တစ်ကျောင်းလုံးက စိတ်မကောင်းဖြစ်ရပါတယ်။ ဒါ ကျွန်မ ဘယ်မှာမှ မဖြစ်စေချင်ပါဘူး။

 

 

ဒါ ကျွန်မ MIU မိသားစုဝင်တွေထဲ ကဖြစ်တဲ့အတွက်လည်း တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်လည်း မဖြစ်ချင်ပါဘူး။ ကျွန်မအနေနဲ့ တကယ်ပဲ စိတ်မကောင်းဖြစ်ပါတယ်”လို့ ပြောထားပါတယ်။

MIU က တစ်ယောက်မှပေါ်မလာပဲ လျစ်လျူရှုထားတယ် လို့ပြောနေကြတာကိုလည်း ဒေါ်ပို့ပို့ကြည်က “ကျွန်မအနေနဲ့ လျစ်လျူရှုထားတယ် လို့ပြောနေကြ တယ်ပေါ့နော်။

အခြားနေရာမှာရောက်နေတယ်ပေါ့။ ကျွန်မက သိသိချင်း နှစ်နာရီလောက် မှာဆေးရုံကိုလိုက်သွားခဲ့ပါတယ်။ ဆေးရုံမှာ မရှိတော့ဘူးအိမ်ကို သွားတာဖြစ်တဲ့အတွက် အိမ်ကိုသွားပြီး ညနက်တဲ့အထိ ကိစ္စအဝဝကူလုပ်ပေးဖြစ်တယ်။ ကူလုပ်ပေးပြီးတော့ Social Media မှာ အစ်မဘယ်လိုမှ မတင်လိုက်ခဲ့နိုင်ဘူး။ အဲဒီအချိန်မှာ ကျွန်မရဲ့ First Priority က ဒီအဲဒီဘက်ကို အရင်သွားပြီး ကူညီမှုတွေလုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒတစ်ခုပဲရှိတာပါ”လို့ ပြောပြထားပါတယ်။

 

 

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရုံးမှာ LGBT တွေကိုလည်း လက်ခံပေးထားတဲ့အကြောင်း “ကလေးပြောတဲ့ဟာပေါ်မှာ မူတည်ပြီးပြောမယ်ဆိုရင်တော့ ဒါ Gender Equality ပေါ့။

အရင်တုန်း ကတည်းက Gender Equality ကိုလည်း အများကြီးလုပ်ခဲ့တာပါ။ ငါ့မှာ ယောက်ျားလည်းမရှိဘူး မိန်းမလည်းမရှိဘူး လူသားတစ်မျိုးပဲ ရှိတယ်ဆိုတဲ့ ခံယူချက်နဲ့ ရပ်တည်ခဲ့တဲ့သူပါ။ ဒီကလေးကိုမြင် ကတည်းကလည်းသိပါတယ်။ ဒီ ရုံးဝန်ထမ်းတွေထဲမှာလည်း LGBT တွေရှိပါတယ်။ ရုံးက ကြိုက်တဲ့လူတွေကို လာမေးလို့ရပါတယ်။

 

 

LGBT တွေအကုန်လုံးကိုလည်း လာမေးလို့ရပါတယ်။ ကျောင်းမှာ LGBT တွေလည်းပါပါတယ် ယောက်ျားရော မိန်းကလေးလည်း ပါပါတယ်။ LGBT မို့လို့၊ယောက်ျားလေးမို့လို့ မိန်းကလေးမို့လို့ဆိုတဲ့ စိတ်တွေဘာမှမရှိဘူး”လို့ ပြောထားပါတယ်။

ဒီကိစ္စကို ကျောင်းမှာ တာဝန်ယူ လုပ်ဆောင်သွားမယ်လို့လည်း “ကျောင်းမှာလည်း Discrimination Policy လည်းရှိတယ်။ Sexual Harassment Policy လည်းရှိတယ်။ စုံစမ်းစစ်ဆေးရေးတွေလည်း စလုပ်နေပြီ။ အဲဒီက ထွက်လာတဲ့ဟာပေါ်မှာ မူတည်ပြီးတော့ ကျွန်မတို့က တုံ့ပြန်သွားမှာပါ။

 

Discrimination နဲ့ Sexual Harassment ကို ကျွန်မတို့ဘက်က လုံးဝလက်မခံပါဘူး။ လိုအပ်လို့ရှိရင် Third Party စုံစမ်းစစ်ဆေးရေး အဖွဲ့တွေလည်း တည်ဆောက်ပြီးတော့ ကျွန်မတို့ လုပ်သွားမယ်။ ဒီဖြစ်ရပ်ထဲမှာ ပါတယ်လို့သတ်မှတ်ရတဲ့ သုံးယောက်ကိုလည်း ကျောင်းကနေပြီးတော့ ရပ်ဆိုင်းထားပါတယ်။

စုံစမ်းစစ်ဆေးတဲ့ ကာလအတွင်းမှာတော့ သူတို့လာရမှာပေါ့နော်။ စုံစမ်းစစ်ဆေးပြီးသွားပြီဆိုလို့ရှိရင် Report တွေကိုထုတ်ပြန်ပြီးတော့ ကျွန်မတို့ ဘယ်လိုရှိရင်ဆိုတာကို ကောက်ချက်ချ ရမှာပေါ့နော်”လို့ ဖြေရှင်းပြောပြထားတာတွေ့ရပါတယ်။

Share this:

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.