ကိုရီးယားနာမည်ကြီးမင်းသမီး Jeon Mi Sun ကို ဟိုတယ်ခန်းထဲမှာ သေဆုံးလျှက်တွေ့ရှိ

Posted on

မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ Jeon Mi Sun ကို Jeonju မြို့မှရှိတဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းမှာ သေဆုံးလျှက်တွေ့ရှိခဲ့တယ်လို့ ဒီနေ့ ဇွန်လ ၂၉ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။ Jeon Mi Sun ဟာ သေဆုံးတဲ့အချိန်မှာ အသက် ၄၈ နှစ်အရွယ်သာ ရှိသေးတာ ဖြစ်ပါတယ်။

 

 

Jeon Mi Sun ကို တွေ့ရှိခဲ့ချိန်ကတော့ ကိုရီးယားစံတော်ချိန် နေ့ခင်း ၁၁း၄၃ မိနစ်မှာဖြစ်ပြီး တွေ့ရှိခဲ့သူကတော့ မင်းသမီးရဲ့ အသိမိတ်ဆွေတစ်ယောက် ဖြစ်ပါတယ်။ ထိုအသိမိတ်ဆွေဟာ တွေ့တွေ့ချင်းမှာပဲ ရဲကိုဖုန်းဆက်အကြောင်းကြားခဲ့ပေမယ့်လည်း အရေးပေါ်ကားရောက်လာချိန်မှာတော့ သွေးခုန်နှုန်းက ရပ်တန့်နေပါပြီ။ သေဆုံးရတဲ့အကြောင်းအရင်းကတော့ သူမကိုယ်သူမ အဆုံးစီရင်လိုက်တာဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

 

 

Jeon Mi Sun ဟာ Jeonju မြို့မှာပြုလုပ်တဲ့ mother-daughter event တစ်ခုကို တက်ရောက်ဖို့အတွက် ထိုဟိုတယ်မှာတည်းခိုနေတာဖြစ်ပြီး ဟိုတယ်ခန်းကို ဘိုကင်ယူထားတဲ့ရက်ကတော့ ဇွန်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ဖြစ်ပါတယ်။ ရဲတွေကတော့ အခင်းဖြစ်ပွားမှုကို လတ်တလောမှာ စုံစမ်းစစ်ဆေးလျှက်ရှိနေဆဲပါ။

 

Jeon Mi Sun ဟာ နာမည်ကြီးမင်းသမီးတစ်လက်မဟုတ်သော်ငြားလည်း ဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ပို့မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးဇာတ်ကားတွေကတော့ Memories of Murder, Moon Embracing the Sun, Hide and Seek, Love Is a Crazy Thing တို့ဖြစ်ပြီး ထူးချွန်ဆုတွေကိုလည်း ရရှိခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ်။

 

အသက် ၁၆ နှစ်အရွယ်ကတည်းက သရုပ်ဆောင်လောကထဲကို ၀င်ရောက်ခဲ့တဲ့သူမဟာ ၀ါရင့်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကလေး ၂ ယောက်မိခင် အိမ်ထောင်သည်တစ်ဦးလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.