ကိုအောင်ဇော့် ကိုယ်စား မနုစာရီရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ပေးသွားမယ့် အကယ်ဒမီမင်းသား

Posted on

နိုင်ငံကျော် စာရေးဆရာကြီး မင်းသိင်္ခရဲ့ လက်ရာမွန်တွေထဲက မနုစာရီဝတ္ထုကို စာပေချစ်သူတွေမှတ်မိကြမှာပါ။ လက်ရှိ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးနေတဲ့ မနုစာရီရုပ်ရှင်မှာ ကိုအောင်ဇော် သရုပ်ဆောင်နေရင်းကွယ်လွန်ခဲ့တာကြောင့် လက်ရှိသူ့နေရာမှာ သရုပ်ဆောင်နိုင်ဖို့ လူစားထိုးပေးမယ့် လူတစ်ယောက်လိုအပ်လာပါတယ်။

 

ဒါရိုက်တာ ညိုမင်းလွင်က “မနုစာရီ ဇာတ်ကားမှကိုအောင်ထွန်းအဖြစ်သရုပ်ဆောင်ခဲ့သော ( ကို )အောင်ဇော် နှလုံးရောဂါဖြင့်ရုတ်တရက်ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် အနုပညာရှင်တစ်ဦးဆုံးရှူံးရခြင်းအပေါ် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊”ဆိုပြီး လူမှုကွန်ရက်ပေါ်ကနေ ရေးသားပြောဆိုထားပါတယ်။ ကိုအောင်ဇော်နေရာမှာ သရုပ်ဆောင်နေမှာ သရုပ်ဆောင်ဖို့ နာမည်ကြီးမင်းသားတစ်ယောက်က ကူညီလိုက်ပြီလို့ သိရပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်က မနုစာရီ ဇာတ်ကားတွင်ရိုက်ကူးရန်ကျန်ရှိနေသော ကိုအောင်ထွန်းပါဝင်သည့်ဇာတ်ဝင်ခန်းများအတွက် အစ်ကိုအကယ်ဒမီဝေဠုကျော်မှ ရုပ်ရှင်လောကသားချင်းရိုင်းပင်းကူညီသည့်အနေဖြင့် ဆက်လက်သရုပ်ဆောင်ပေးမည်ဖြစ်တယ် လို့ ကြေညာထားတာပါ။ အနုပညာသားချင်း ကူညီပေးတဲ့ ဝေဠုကျော်အတွက် မှတ်ချက်ပေးခဲ့ကြပါဦး

Source – Nyo Min Lwin
Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.