ကိုလူချောအဖွဲ့နဲ့ပတ်သက်တဲ့ကောလဟာလကို ဖြေရှင်းလိုက်တဲ့ အောင်ခိုင်

ဇာတ်ပို့ဇာတ်ရံအလွှာဟာ မြန်မာ့ရုပ်ရှင်လောကရဲ့ အခြေခံလူတန်းစားတစ်ရပ်လို့ပြောရမလားပါပဲ။သရုပ်ဆောင်ခြင်းကိုဝါသနာပါကြတဲ့ဇာတ်ပို့ဇာတ်ရံတွေဟာ ချို့တဲ့သူ ။မပြည့်စုံသူတွေများပြားတဲ့အတွက် အခက်အခဲကြုံရချိန်မှာ လိုအပ်မှုတွေရှိလာကြပါတယ်။ လိုအပ်ချိန်မှာ လှူဒါန်းကြသူတွေရဲ့ အလှူငွေတွေကို ကူညီဆောင်ရွက်ပေးရတဲ့ ကိုလူချောအဖွဲ့ဝင် ဦးအောင်ခိုင်ကတော့ အဖွဲ့နဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ကောလဟာလတွေကို လူမှုကွန်ရက်ပေါ်ကနေ ရှင်းလင်းလိုက်ပါတယ်။

‘ဒီအချိန်မှာမင်းတို့ရင်ထဲဘယ်လောက်အထိခံစားနေရမလဲဆို တာသူငယ်ချင်းတို့နေရာကနေငါကိုယ်ချင်းစာပါတယ်အခုအ ချိန်အရေးပေါ်ကုသပေးရမဲ့သူတွေအတွက်ငါလုပ်ပေးခဲ့တဲ့အ ပေါ်မှာအခွင့်အရေးရတိုင်းလိုချင်ကြတဲ့ကိုလူချောအဖွဲ့ဝင်တချို့ကအထင်လွဲချင်တယ်သူတို့ဖြစ်တဲ့အချိန်တုန်းကလဲဒို့လုပ် ပေးခဲ့ကြတာဘဲလေအခုမင်းတို့ဆေးကုသစရိတ်ဟာကိုလူ ချောအဖွဲ့ရန်ပုံငွေထဲကတပြားတချပ်မှမပါဘူးအလှူရှင်များကစာနာစိတ်နဲ့လှူကြတာစိတ်ချကြပါသူငယ်ချင်းတို့ငါဟာဘယ် သူကိုမှမျက်နှာမလိုက်ဘူးသွေးမခွဲဘူးငါကျမ္မာရေးကောင်းနေသမျှအဖွဲ့ရှေ့မှာအမြဲရှိနေမယ်’လို့ ဦးအောင်ခိုက်ကရေးသာစထားတာပါ။ သိစေချင်လွန်းလို့ ပရိသတ်ကြီးလည်း ဦးအောင်ခိုင်ရဲ့ ဖြေရှင်းမှုအတွက်မှတ်ချက်ကနေ အားပေးစကားပြောဆိုခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.