သဘာဝအလှ
ယောက်ျားလေးအများစုက သဘာဝအလှကို ပိုပြီး မက်မောတတ်ကြပါတယ်။ တခါတလေ သင့်ရဲ့ မျက်နှာမှာ ဘာမိတ်ကပ်မှ မလိမ်ခြယ်ထားတဲ့ ပုံစံကို ယောက်ျားလေးအများစုက ပိုနှစ်သက်ကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တစ်ခါတလေမှာ မိတ်ကပ်မလိမ်းဘဲ သဘာဝအလှတရားဖြင့်စွဲဆောင်တာက ပိုပြီးထိရောက် ပါတယ်။
အမွှေးနံ့သာ
သူသူကိုယ်ကိုယ် အမွှေးရနံ့ကို ကြိုက်နှစ်သက်တဲ့သူတွေများပါတယ်။ အရမ်းကြီး ခေါင်းကိုက်စေမဲ့ စူးရှတဲ့အနံ့မျိုးမဟုတ်ပဲ ခပ်သင်းသင်းမွှေးစေမဲ့ ရေးမွှေးဖြစ်ဖြစ်၊ ပေါင်ဒါဖြစ်ဖြစ်၊ သနပ်ခါးဖြစ်ဖြစ် သင့်အနေနဲ့ အသုံးပြုသင့်ပါတယ်။ ဒါမှမဟုတ် သင့်ရဲ့ Crush ကြိုက်နှစ်သက်မဲ့ အနံ့မျိုးကို ရှာဖွေပြီး အသုံးပြုသင့်ပါတယ်။ ဒီလို ကိုယ်သင်းရနံက သင့်ရဲ့ Crush ကိုပိုပြီးစွဲဆောင်မှုရှိစေပါတယ်။ အမွှေးနံသာကို တစ်မျိုးထဲ ပဲသုံးပေးပါ ဒါဆို ဒီရနံ့လေးရတိုင် Crush က သင့်ကို အမြဲသတိရနေမှာပါ။
ဆံပင်သပ်ပေးခြင်း
ယောက်ျားလေးအများစုက ဆံပင်ကိုင်တာမကြိုက်ဘူးဆိုပေမဲ့ တကယ်တော့ ဒီလိုအပြုအမူက ယောက်ျားလေးအတွက် နှစ်သိမ့်မှုပေးခြင်းနဲ့ အခြားခံစားမှု တစ်ချို့ကိုဖြစ်ပေါ်စေပါတယ်။ အချိန်အခါပေါ်မူတည်ပြီး သင့်အနားမှာ ထိုင်ပြီး အားငယ်တဲ့အခါ၊ ဒါမှမဟုတ် ပင်ပန်းလို့ သင့်ပေါင်ပေါ်မှာ အိပ်စက်မိတဲ့အခါ စတဲ့ အချိန်အခါမျိုးမှာ သူရဲ့ နဖူးစပ်ကနေ ဆံပင်သက်ပေးတာမျိုး၊ ပွတ်ပေးတာမျိုး ပြုလုပ်ပေးခြင်းဟာသင့်အပေါ်ကိုပိုပြီး ကြည်နူးမှုဖြစ်ပေါ်စေပါတယ်။
မျက်လုံးခြင်း ဆက်သွယ်ပါ။
လူတစ်ယောက်ရဲ့ စွဲဆောင်မှုမှာ မျက်လုံးက အဓိကကျပါတယ်။ သင်ဖွင့်မပြောရဲတဲ့ စကားအချို့ကို မျက်ဝန်းကနေတစ်ဆင့် ပြောပြတာက ပိုပြီးလေနက်စေပါတယ်။ ဒါကြောင့် ကိုယ်က ကြိတ်ပြီးချစ်နေသူနဲ့ ဆုံတဲ့အခါမှာ သင့်ရဲ့ မျက်ဝန်းတစ်စုံကို အကောင်းဆုံးဖြစ်အောင် အသုံးချသင့်ပါတယ်။
Crush အကြိုက်ဆုံးအားကစား
ယောက်ျားလေးတွေက အားကစားကို တန်ဖိုးထား မြတ်နိုးသူတွေဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကိုယ့်ရဲ့ Crush က ဘယ်အားကစားကို နှစ်သက်လဲ၊ သူကြိုက်တဲ့ အားကစားအကြောင်းကို အနည်းငယ်ဖြစ်ဖြစ်သိအောင် လေ့လာထားပါ။ ထိုအချက်က သင့်နဲ့ သင့်ရဲ့ Crush ကို ပိုပြီးနီးစပ်မှု ရှိစေပြီး သူ့ရဲ့ အတွင်းစိတ်ကိုလဲ အချို့တစ်ဝက်သိရှိနိုင်ပါတယ်။
Crush အကြိုက်ကို လိုက်လျောပေးခြင်း
ယောက်ျားလေးအများစုက ဂိမ်းဆော့ရတာ ဝါသနာပါသူများဖြစ်ပါတယ်။ ကိုယ့်ရဲ့ crush က ဂိမ်းဝါသနာပါသူတစ်ဦးဖြစ်နေရင်တော့ သင့်အနေနဲ့လဲ သူကြိုက်တတ်တဲ့ ဂိမ်းတွေကို စိန်ခေါ်ဆော့နိုင်ဖို့ ဝန်မလေးသူတစ်ဦးဖြစ်နေရပါမယ်။ မည်သူမဆို မိမိရဲ့အကြိုက်ကို လိုက်လျောပေးသူကို ပိုပြီး ချစ်တတ်ကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့လည်း ကိုယ့် Crush ဘာကြိုက်လဲ ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။
ပျော်ရွှင်မှုပေးခြင်း
စိတ်ရှု့ပ်မှုတွေများနေတဲ့အချိန်မျိုးမှာ သူ့အနားကိုသွားပြီး ရယ်ရွှင်ဖွယ် ဟာသများဖန်တီးပေးပါ။ ပြီးလျှင် သင့်အနေနဲ့ သူ့ရဲ့ ခံစားချက်၊ ပြဿနားများကို မျှဝေခံစားပေးခြင်း၊ ဖြေရှင်းနိုင်မဲ့ နည်းလမ်းများ ဆွေးနွေးပေးခြင်းစတဲ့ လုပ်ဆောင်မှုမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုအပြုအမူဟာ သင့်တို့နှစ်ဦး ရှိနေချိန်မှာ မသိသာပေမဲ့ သူတစ်ယောက်ထဲရှိတဲ့အချိန်မှာတော့ သင့်အကြောင်းကို အမြဲတွေးနေတတ်ပါတယ်။
Source;Lifestyle_Myanmar